မွေးရပ်မြေအညာ သို့ အလည်လာရောက်ကြသူ မိတ်ဆွေအပေါင်း စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းဖြင့် ပြည့်စုံအောင်မြင်နိုင်ကြပါစေ..... ကိုမျိုး (အညာမြေ)...

Wednesday, July 14, 2010

အသွင်မတူ..

ညီမငယ် shwezinu တက်ဂ်ထားတဲ့ အသွင်မတူ ဆိုတဲ့ တက်ဂ်ပို့စ်လေး တင်ပေးလိုက်ပါတယ် ညီမငယ်။ ပျော်ရွှင်ချမ်းမြေ့ သာယာစွာဖြင့် ဖတ်ရှု့အမောပြေနိုင်ကြပါစေကွယ်။

အသွင်မတူ
အိမ်သူမဖြစ် တဲ့
ဆိုရိုးစကား ရှိခဲ့ငြားလဲ
သူမနဲ့ ကျနော့်ဘဝ
ဖြစ်ခဲ့ကြ။
...
သူမက စိတ်ရှည်သူ
ကျနော်က စိတ်တို ဒေါသကြီးတတ်သူ။
...
သူမက စားသောက်မက်
အိပ် မမက်။
ကျနော်က စားသောက်မမက်
အအိပ် မက်။
...
ကိုကို မောင်မောင် တီတာချင်သူ
ကျနော်က နင် နဲ့ ငါ နဲ့ပြောမှ
အားရတတ်သူ။
...
အ၀တ်အစားဆို စတိုင်ကျ
အသစ်မြင်တိုင်း ၀ယ်ချင်လှ
အိမ်ရောက်ရင် လူတိုင်းပြ။
ကျနော်က ထိုမတူ
စတိုင် မကျ
စကောစက။
...
စိုင်းစိုင်း လေးဖြူ
ခေတ်ဆန်သူ။
ကိုအံ့ကြီး တွံတေး
မာမာအေး။
...
နတ်သမီးတပါးလို
လှပ နူးညံ့
ကြော့ရှင်းတတ်သူ။
တောသား ငပိချက်
အလှမမက်။
....
ဘုရားသွား ကျောင်းတက်
ဒါနတူတူ
စိတ်ကိုယ်တူ။
...
ခရီးသွား စုံမက်
တွဲဖက်တူတူ
မငြီးငြူ။
...
လက်မပါ စိတ်မကောက်
သစ္စာမဖောက်
တို့နှစ်ယောက်။
...
ဖောက်သည့်သစ္စာ
တွေ့မြင်ကြားသော်.....
ရှေးကဗျာ တပိုင်းတစ
သူငါ အမှတ်ရ။
...
ကဲ..ရှင်မ၊ နားထောင်
အိမ်ရှိ တောင်း..ပလုံး..နှီး..ဖျာ
ညည်းက အကုန်ယူ
ငါ နှီးဖြာတတ်သူ။
.
အိမ်ရှိ အထည်အလိပ်..ခေါင်းအုံး...မွေ့ရာ
ငါက အကုန်ယူ
ညည်းက ရက်ကန်းတတ်သူ။
.
ဘူးစင်အောက်က နွားတစ်ယှဉ်း
ညည်းကြိုက်တာ ရွေးယူ။
.
အိမ်ရှိ ခွေးနက်ကျော်
သူပျော်ရာနေ
ညည်းနဲ့ ငါနဲ့ ပြတ်စဲစေ....။
.
.
အသွင်တူ..အချစ်တူပြီး ရာသက်ပန် ပေါင်းဖက် ပျော်ရွှင်နိုင်ကြပါစေ။
.
ခင်မင်လေးစားစွာဖြင့်
ကိုမျိုး (အညာမြေ)

17 comments:

SHWE ZIN U said...

ကိုမျိုး ရေ

မိုက်တယ်ဗျာ ကဗျာလေးက ကျေးဇူးပါ ကိုမျိုး နဲ့ မဟေသီ နှစ်ပေါင်းများစွာ ကျန်းမာချမ်းသာစွာနဲ့ သားတဖျာ မြေးတကျိတ် ရတဲ့ အထိ မကွဲမကွာ ပေါင်းနိုင် ပါစေဗျား

တက်ဂ်ပိုစ် လေး ရေးပေးတဲ့ ကိုမျိုး နဲ့ မဟေသီ တက်ဂ် ဂိမ်းလေး စပေးတဲ့ ကိုဧရာ နဲ့ မသီတာ တို့ အားလုံး ကို အထူးအထူး ကျေးဇူးတင်ပါတယ်

ခင်မင်စွာဖြင့်
ရွှေစင်ဦး

Anonymous said...

ကိုမျိုး
ကဗျာ အရမ်းကြိုက်ပါတယ်

ဒါနဲ့စကားမစပ်ဗျာ အိမ်က ခွေးနက်ကျော် ပျော်ရာနေစေ ဆိုတာတော့ ဟုတ်ပြီဗျာ ဘလော့ပေါ်က သမီးလေး တောင်းဖို့ ကြံနေတယ်

ခင်မင်စွာဖြင့်
seesein

ရွှေရတုမှတ်တမ်း said...

အဟား...ဒီကဗျာလေး လန်းတယ် ကိုမျိုးရေ...

အဖြူရောင်နတ်သမီး said...

မိုက်ချက်ကတော့...
းး)))
ရေးလည်းရေးတတ်ပ..ကိုမျိုးတို့က...။

noblemoe said...

အသွင်မတူ တမူထူးတဲ့ကဗျာလေး ကောင်းလိုက်တာ
ဘုရားသွား ကျောင်းတက်
ဒါနတူတူ
စိတ်ကိုယ်တူ။
...

လက်မပါ စိတ်မကောက်
သစ္စာမဖောက်
တို့နှစ်ယောက်။
...
အဲဒီစာသားလေး တိုတိုလေးနဲ့ပြည့်စုံလိုက်တာ.....
နတ်သမီးတပါးလိုလှတဲ့မမနဲ့ ကိုမျိုးတို့ ထာဝရသာယာချမ်းမြေ့နိုင်ပါစေ...
မိုး

လုလု said...

ကိုမျိုးနဲ့ မဟေသီတို့ရဲ့ အသွင်တူ/မတူ ကဗျာလေးကို ဖတ်ရတာ ကောင်းလိုက်တာ။ ကဗျာစပ်တာလည်း တော်မှတော်။
ကိုမျိုးတို့မိသားစုလေး ဘ၀လမ်းခရီးတစ်လျှောက်လုံး ပျော်ရွှင်ချမ်းမြေ့ကြပါစေနော်။
ခင်မင်စွာဖြင့်
လုလု

thawzin said...

“လက်မပါ စိတ်မကောက်
သစ္စာမဖောက်
တို့နှစ်ယောက်။”
အဲဒီစာသားနဲ့တင် တော်တော်အသွင်တူနေပါပြီးဗျာ။
ကာရံကဗျာ လိုက်ပါပေတယ်။
ခွေးလေးတော့ ပစ်မထားနဲ့လေ။ လောကမှာ သစ္စာအရှိဆုံး ဆိုတာ ခွေးကထိပ်ဆုံးတဲ့ ဦးပေါ်ဦးလျောက်ထုံးလားမသိဘူး ဖတ်ဖူးတာ။
ခင်မင်လျှက်ဗျို့။

သဒ္ဓါလှိုင်း said...

ကဗျာကိုဖတ်သွားပါတယ်အကိုရေ..။
အညာမြေအကြောင်းလေးတွေလည်းဖတ်ရင်းကြည့်ရင်းပေါ့.

ခင်မင်စွာဖြင့်
သဒ္ဓါလှိုင်း

နေ၀သန် said...

ရေးတတ်လိုက်တာ.. ဟားဟား.. ဒီတဂ်ပို့စ်လေးက ဘယ်သူရေးရေး ဖတ်လို့ကောင်းလိုက်တာ... အစ်ကိုက ကဗျာလေးလိုလုပ်ပြီးရေးထားတာ... ကောင်းတယ် အစ်ကိုရေ...း)))


ခင်မင်တဲ့
နေ၀သန်

မဗေဒါ (၈၈) said...

အညာက ကိုမျိုး

အယ်မလေး.. စာရှည်မရေးပဲ.. အတိုလေးနဲ့ ပညာတွေ ပြလိုက်တာပေါ့..။ အင်း ဒီလိုပဲ ပေါ့လေ... ရေးတက်သူဆိုတော့. .. (မနာလိုဟန် လေသံဖြင့်) ရေးနိုင်ပါစေလို့ ဆုတောင်းပေးတာပါပဲ..။

ကောင်းသော အကျင့်ရယ် မကောင်းသော အကျင့် ပေါင်းစပ်ပြီးတော့ ချစ်နေကြရတာလည်း အရသာ တမျိုးပါပဲ ကိုမျိုးရေ..။

အဟမ်း .. ( ချီးကြူးသံဖြင့်) ရက်ကန်း တက်သူ နဲ့ နှီးဖြာတက်သူ နှစ်ယောက်စလုံး ကို အင်မတန်ကို လေးစားစွာ (လှိုက်လှိုက်လှဲလှဲ လေသံဖြင့်) နုတ်ဆက်သွားပါကြောင်း ...။

ဗေဒါမ (အမတ်လောင်း)

သဒ္ဓါလှိုင်း said...

အချိန်ပေးပြီးလာရောက်တဲ့အတွက်ကျေးဇူးတင်
ဝမ်းမြောက်မိပါတယ်..။စာတွေလည်းအများကြီး
လာဖတ်ပါအုံးမယ်..။လင့်ထားတဲ့အတွက်လည်း
ကျေးဇူးတင်ပါတယ်ကိုမျိုး..။သဒ္ဓါလည်းလင့်ထား
လိုက်ပါတယ်..ခွင့်ပြုပါ..

ခင်မင်စွာ
သဒ္ဓါ

ခိုင်နုငယ် said...

ဘယ်နေရာရောက်ရောက်..အသွင်တူ၏..မတူ၏
ဝေေ၀စည်စည်ရှိလှ၏
ကဗျာ.ထိထိမိမိလေးရေးဖွဲ့ထားတော့
ညက်ညက်ညောညောကောင်းလွန်း၏
ချစ်ခြင်းမှာပြီးပြည့်စုံစွာလျှောက်လှမ်းနိုင်ပါစေ။
လာလည်သွားပါတယ်။

ခင်မင်စွာဖြင့်
ခိုင်နုငယ်

မြစ်ကျိုးအင်း said...

တိုတိုရှင်းရှင်းပေမယ့် နှစ်ယောက်သား ဘဝကို မြင်လိုက်ရသလိုပါပဲ။
အသွင်တူတူ မတူတူ
ထာဝစဉ် ကြည်ဖြူကြစေ.. ဗျာ

ကောင်းမွန်ဝင်း said...

ကိုမျိုးရေ
မင်္ဂလာပါ။
ကဗျာလေးကြိုက်တယ်။
ချစ်တတ်လိုက်တာနော်။
ကျနော်နဲ့ သူမ။
ခွေး နက်ကျော်ကျတော့ သူပျော်ရာနေတဲ့။
ရက်စက်လိုက်တာနော်။

ခင်မင်လေးစားလျှက်

Unknown said...

ကိုမျိုးရေ...
မတွေ့ဖြစ်တာကြာပေါ့
နေကောင်းတယ်ဟုတ် ... ကဗျာလေးကကောင်းတယ် ...ညည်းနဲ့ငါ ပြတ်စဲစေဆိုမှ နဲနဲလန့်သွားတယ် အခုတစ်လော ပြတ်စဲတာတွေကြားရရင် ငိုချင်လွန်းလို့ပါ ကိုမျိုးရယ်း(

ခင်မင်လေးစားလျှက်
ညီမငယ် နှင်းဟေမာ

သောစေယျံ said...

အညာမြေ လာလယ်တယ်နော် အညာက ဖိုတိုတွေကြည့်ပြီး ကိုယ်လဲ အညာသား အညာနဲ့ဝေးကွာနေတော့ ဖိုတိုတွေလဲကြည့် စာတွေလဲဖတ်လိုက်တော့ ကိုယ့်အညာကိုပြန်ရောက်နေသလိုခံစားရတယ်ဗျာ
http://soceyam.blogspot.com/ ကိုလဲ လာဘို့ဖတ်တယ်ဗျာ

slym said...

We missed your interesting new posts bro so far....Just let us know if you have created new blog and pose on there....Wish you and your family possess a happy and prosperous new year.