မွေးရပ်မြေအညာ သို့ အလည်လာရောက်ကြသူ မိတ်ဆွေအပေါင်း စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းဖြင့် ပြည့်စုံအောင်မြင်နိုင်ကြပါစေ..... ကိုမျိုး (အညာမြေ)...

Sunday, June 13, 2010

မွေးရပ်မြေအညာ ရဲ့ သဘာဝ အလှ

မွေးရပ်မြေအညာ တစ်ခေါက် အလည်ရောက်ခဲ့ပြန်ပေါ့။ ငယ်ငယ်တုန်းက ပြေးလွှားစော့ကစားခဲ့တဲ့ နေရာလေးတွေ မြင်မိတိုင်း ဒီနေရာ ဒီဒေသလေးတွေကို ဓာတ်ပုံမရိုက်ဘဲ မနေနိုင်လောက်အောင်ကို အရမ်းရိုးစင်း လှပလွန်းလို့ ရိုက်ယူခဲ့မိတယ်။
.
ဓာတ်ပုံထဲမှာ တွေ့ရတဲ့ အပင်ကြီးတိုင်းလိုလို တက်ပြီး စော့ကစားဘူးခဲ့တာ။ ဒီအပင်ကြီးတွေကို အကာအကွယ်ယူပြီး သေနတ်ပစ်တန်း၊ သစ်ပင်တက်တန်း၊ တူတူပုန်းတန်း၊ သစ်ပင်ပေါ်လာတဲ့ စာကလေးတွေကို လောက်လေးခွနဲ့ ထိုင်စောင့်ပြီး ပစ်ခဲ့၊ ကစားခဲ့ကြတာ။ သစ်ပင်ကြီးတွေက အိုနေပေမယ့် မိုးဦးရာသီအစမှာ နုပျိုလန်းဆန်းစွာနဲ့ ကြိုဆိုနေဆဲ။





ကိုမျိုး တို့ ရွာအ၀င် လမ်းမကြီး


သံဃာတော်များ ဆွမ်းခံကြွရာလမ်း (ဦးလေးမှုံ သန့်ရှင်း ကုသိုလ်ယူနေစဉ်)


ကျောင်းမဖွင့်ခင် နွေရာသီ ကျူရှင်တက်ရန်သွားနေတဲ့ ကျောင်းသားလေးများ



မိုးဦးစမို့ သီးနှံစိုက်ပျိုးရန် မိုးမလုံလောက်သေးလို့ နွားများလည်း နားနားနေနေ




ရွာဦးကျောင်းသို့ သွားရာလမ်း



ရေထမ်းသူထမ်း.. ကျောင်းသွားသူသွား





ကိုမျိုး တို့ အိမ်ရောက်ပြီ။ မိဘ၊ ဆွေမျိုးသားချင်း ၊ ငယ်ပေါင်းတွေလဲ ၀မ်းသာအားရ လာရောက်ပြီး နှုတ်ဆက်ကြ၊ လဘက်ရည်သောက်ခေါ်ကြ။ ထမင်းစားခေါ်ကြ။ ဒီမြေ၊ ဒီရေ၊ ဒီအညာ၊ ဒီရွာမှာ ကြီးပြင်းခဲ့သူမို့ တစ်ရွာလုံးကလည်း မိသားစု ဆွေမျိုးရင်းများ ကဲသို့ ဖြစ်နေပါသည်။ ဒီပို့စ်လေးကို တင်ရင်းနဲ့ ရွာကို အရမ်းသတိရနေတယ်။ မွေးရပ်မြေဇာတိ ချက်မြှပ်ရာနေရာမို့ မလွမ်းဘယ်သူ ရှိပါ့မလဲကွယ်။



.



ခင်မင်လေးစားစွာဖြင့်



ကိုမျိုး (အညာမြေ)