မွေးရပ်မြေအညာ သို့ အလည်လာရောက်ကြသူ မိတ်ဆွေအပေါင်း စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းဖြင့် ပြည့်စုံအောင်မြင်နိုင်ကြပါစေ..... ကိုမျိုး (အညာမြေ)...

Monday, May 3, 2010

ပျင်းရင် ဘာလုပ်

"ပျင်းရင် တောပြန်" တဲ့
ကိုမျိုးတို့ ဘဝ
ထင်ဟပ်လှပေါ့။
.
အညာ နေ
ကျစ်ကျစ်တောက်မို့
မိုးအရွာ စောင့်ပါအုံး တဲ့။
.
ငပူ ငအေး
ရွေးကောက် မနေတော့။
.
ပူပူ အေးအေး
အမေရှိရာ
အညာပြန်မယ်။


မွေးရပ်မြေအညာသို့ အလည် ၂ ပတ် ပြန်ပါဦးမည်။


ခင်မင်စွာဖြင့်
ကိုမျိုး (အညာမြေ)

13 comments:

SHWE ZIN U said...

ကိုမျိုးရေ

ပျော်စရာ ကောင်းလိုက်တာနော်

အတူ ဝမ်းသာကြည်နူးမိပါရဲ့ ဖြစ်နိုင်ရင် မန်းလေး လာလည် ခဲ့ပါနော် ကိုဘကြိုင် ကြီးတောင် ရောက်ဘူးသွားပြီ

အမေ နဲအတူ ပျော်ရွှင် စွာ အေးဆေးနေခဲ့ပါနော် ကိုမျိုးစားချင်တာတွေ လည်း ချက်ကျွေးမှာပါ

ကိုမျိုး တို့ တမိသားစု လုံး ပျော်ရွှင်ချမ်းမြေ့ပါစေ

ခင်မင်တဲ့
ရွှေစင်

Talkii said...

သူထိန်းကြီး ရွှေအိုးကိစဿစ ဝိုင်းပြောကြတာနဲ့ ပြန်ပြီး ဖွက်တော့မယ်ထင်တယ်။း)

အားလုံး အဆင်ပြေပာစေဗျာ။ ကိုမျိုးဦးလေးကိုလည်း နှုတ်ဆက်တယ် ပြောပေးပာ။း)) အချိန်ရရင် မာစီဒီးနဲ့ အညာတခွင် ပြဲပြဲစင်အောင် သွားခဲ့ဗျို့

လင်းဒီပ said...

ကိုမျိုးရေ ဟိုမှာတော့ အရမ်းပူနေရောပေါ့ ။

Anonymous said...

ဘယ်လောက်ပူပူ အမေနဲ့တွေ့ရင် အေးမြသွားကြတာပါဘဲ

ရင်ထဲက ပျော်ရွှင်ချမ်းမြေ့အေးမြမှုတွေကိုတော့ ဘယ်လိုအပူက ဖုံးလွှမ်းနိုင်မလဲ
ပျော်ရွှင်ပါစေ။

ခင်တဲ့
seesein

လေပြေသွေး said...

ဟုတ်တယ်ဗျို့...ဘယ်လောက်ပဲပူပူ မိဘရင်ခွင်မှာတော့ အေးနေမှာပါ။ ကျွန်တော်ကတော့ ရွာမပြန်နိုင်သေးတော့ Pulau Ubin ပဲ သွားလိုက်ရတယ်။

မြစ်ကျိုးအင်း said...

ပြန်ရတော့မှာ မို့လို့နဲ့တူတယ် စာသားတွေက တက်ကြွနေလိုက်တာ

အားကျတယ်ဗျိုးးး

ပျော်ရွှင်ဖွယ်ရာ ခရီးလေး ဖြစ်ပါစေဗျာ

ရွှေရတုမှတ်တမ်း said...

ကိုမျိုးရေ...သူများတွေ အညာပြန်သံကြားရင် အားကျသဗျာ...
အညာသားနေပူမကြောက်မို့..ဒီလောက်ပူတာလောက်တော့..ပျင်းတောင်ပျင်းသေး..

နှင်းဟေမာ said...

ကိုမျိုးရေ...
ဘယ်လောက်တောင် ပျော်နေမလဲလို့ တွေးမိရင်း ကိုမျိုးဆီက အပျော်လေးတွေပါ နှင်း ဆီကို ကူးစက်လာသလိုပဲ ... မြန်မာပြည်မှာအပူလှိုင်းဖြတ်တယ်လို့ကြားတယ် ... ဂရုစိုက်ဦးဗျို့ .... ။
ကျန်းမာပျော်ရွှင်စွာနဲ့ အောင်မြင်သောခရီးလေးဖြစ်ပါစေလို့ ဆုတောင်းပေးနေမယ်နော် ...
ခင်မင်လေးစားလျှက်
မနှင်း

ဒဏ္ဍာရီ said...

ကိုမျိုးရေ........ ဒါဆို ရန်ကုန်မှာဆုံကြတာပေါ့။ ကျမလည်း ပြန်မှာလေ..။း)
နွေဘယ်လောက်ပူပူ အမေ့ရိပ်က အေးမြပါတယ်။
ပျော်ရွှင်ဖွယ် ခရီးလေး ဖြစ်ပါစေ..။

ခင်မင်လေးစားလျှက်
ဒဏ္ဍာရီ

noblemoe said...

ကောင်းပါတယ် ကိုမျိုးရေး ပျော်စရာကြီးပါ။
ကောင်းကောင်းပျော်ခဲ့နော်
မိုးတို့ ကတော့ တရုတ်နှစ်ကူးသွားဖို့ ချိန်ထားတယ်။
ကျမ်းမာပျော်ရွှင်ပြီးသာယာချမ်းမြေ့တဲ့နေ့ရက်တွေကိုပိုင်နိုင်ပါစေရန်တောင်းဆုပြုလိုက်ပါတယ်နော်
မိုး

မဗေဒါ said...

အညားက မောင်မျိုး

အင်း အခုလောက်ဆို ပူလောင်တဲ့အရပ်ကို ရောက်နေလောက်ပြီပေါ့..

မိဘစကားကို နားထောင်လို့ မှာချင်ပါတယ်ကွယ်..

ဗေဒါမ

ကောင်းမွန်ဝင်း said...

ကိုမျိုးရေ
မင်္ဂလာပါ။

အမေ့အိမ်ပြန်တာ အားကျလိုက်တာ။ ကျွန်မကတော့ မပြန်ဖြစ်သေးဘူး။

ပျော်ရွှင်စွာနဲ့ ကုသိုလ်ရေးများလည်း လုပ်နိုင်ခဲ့မယ်လို့ထင်ပါတယ်။

ရွာအပြန်လက်ဆောင်လည်း မမေ့နဲ့ဦးနော်။

မိသားစုအားလုံး ကျမ္မာ အဆင်ပြေပါစေလို့ .......

ခင်မင်လေးစားလျှက်

Han Kyi said...

ကောင်းဗျာ...
အညာပြန်ချင်စိတ်တောင် ချက်ချင်းပေါက်တယ်။ ဘာပဲပြောပြော စိတ်ထဲကတော့ အညာသားပါပဲလေ...