မွေးရပ်မြေအညာ သို့ အလည်လာရောက်ကြသူ မိတ်ဆွေအပေါင်း စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းဖြင့် ပြည့်စုံအောင်မြင်နိုင်ကြပါစေ..... ကိုမျိုး (အညာမြေ)...

Monday, May 3, 2010

ပျင်းရင် ဘာလုပ်

"ပျင်းရင် တောပြန်" တဲ့
ကိုမျိုးတို့ ဘဝ
ထင်ဟပ်လှပေါ့။
.
အညာ နေ
ကျစ်ကျစ်တောက်မို့
မိုးအရွာ စောင့်ပါအုံး တဲ့။
.
ငပူ ငအေး
ရွေးကောက် မနေတော့။
.
ပူပူ အေးအေး
အမေရှိရာ
အညာပြန်မယ်။


မွေးရပ်မြေအညာသို့ အလည် ၂ ပတ် ပြန်ပါဦးမည်။


ခင်မင်စွာဖြင့်
ကိုမျိုး (အညာမြေ)