မွေးရပ်မြေအညာ သို့ အလည်လာရောက်ကြသူ မိတ်ဆွေအပေါင်း စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းဖြင့် ပြည့်စုံအောင်မြင်နိုင်ကြပါစေ..... ကိုမျိုး (အညာမြေ)...

Friday, January 15, 2010

Monday to Saturday

6.45 am
အိပ်ယာထ
သွားတိုက်
မျက်နှာသစ်
ရေချိုး
အ၀တ်လဲ
ဘုရားရှိခိုး
ရုံးသွား။
....................................
7.00 pm
ရုံးပြန်
အ၀တ်လဲ
သွားတိုက်
ရေချိုး
မိန်းမ ကူ
ညစာစား
ကလေးချီ :)
အိပ်ယာဝင်။
.....................................
ကိုမျိုး ရဲ့ တစ်နေ့တာ အဖြစ်လေး ကဗျာအဖြစ် ပြောင်းထားတာ။ တနင်္ဂနွေ တစ်ရက်ပဲ ရုံးပိတ်တယ်။ မိသားစု နဲ့ နေရတဲ့ အချိန်က အလွန်ကို နည်းပါး ပါတယ်။ ရုံးစောစောသွား.. နောက်ကျမှ အိမ်ပြန်ရောက်။ ရုံးကအလုပ်တွေ ပိတဲ့ ရက်တွေဆို ခဏ နားအုံးမယ် ဆိုပြီး လှဲလိုက်ရင် တခါတည်း အိပ်ပျော်သွားရော။ အင်း လေ.. ငယ်တုန်း..ရွယ်တုန်း ကြိုးစားပြီး ပိုက်ဆံလေး စုထားနိုင်မှ ဆိုတဲ့ စိတ်နဲ့ ပင်ပန်းတယ် မထင်မိပါဘူးလေ။ အခုအချိန် ပင်ပန်းတယ် ထင်ရင် အသက်ကြီးလာရင် ပိုပင်ပန်းမှာလဲ စိုးရိမ်စိတ်ကလေးနဲ့ပေါ့။
...
ကိုမျိုး.. ပိုပြီးတော့ ၀ လာတယ်တဲ့။ လေ့ကျင့်ခန်းလေး ဘာလေး လုပ်ပါအုံးတဲ့။ အိမ်ရောက်ရင် မိန်းမက ပြောရှာတယ်။ အေး..အေး.. လာ.. ပန်းခြံထဲ သမီးလေးနဲ့ ခဏ သွားရအောင် ဆိုပြီး ပန်းခြံထဲလဲ ရောက်ရော မိန်းမ နဲ့ သမီးက အတူကစားနေ။ ကိုမျိုးတို့ကတော့ ပန်းခြံက ခုံလေးတွေမှာ နေရာကောင်းရှာပြီး မှေး တော့တာပါဘဲ။ ၀ိတ်တော့ ကျ တော့မှာ။ 180 ပေါင် ကနေ 190 ထိ :) ။
...
ခင်မင်စွာဖြင့်
ကိုမျိုး (အညာမြေ)

14 comments:

မျှော်လင့်သူ said...

ကိုမျိုးရေ...
ညီလေးကိုလေ ပေါင် 10 လောက်ခွဲပေးပါဗျာ..
ပိုနေရင်လဲ...
ဟိဟိ ဒါဆို ညီလေး ပေါင် 100 ပြည့်သွားပြီ.း)

ရွှေပြည်သူ (ShwePyiThu) said...

ဖတ်ပြီး ပြုံးမိတယ်။ အိမ်ထောင့်တာဝန် အလုပ်တာဝန်တွေနဲ့ကို စာတွေရေးနိုင်သေးတာ လေးစားမိပါတယ် အစ်ကိုရေ။ ညီမလည်း အဲလိုပဲ ပင်ပန်းတယ် ပင်ပန်းတယ်ဆိုပြီး ဝဝလာတား))

moemoestar said...

ကိုမျိုးရေ...
တော်တော်များများကတော့ အဲဒီအတိုင်းဘဲဖြစ်နေကြတယ်...

နွေဆူးလင်္ကာ said...

မဂ္ဂဇင်းတွေမှာ ကြေငြာနေတဲ့ဆီ သွားပါလား ... မကစားခင်နဲ့ ကစားပြီး ခြောက်လကြာသော် ဆိုတဲ့ ပုံတွေနဲ့ ကြေငြာတာလေ ... ၀ိတ်တော့ လျှော့ဦးဗျ .. ကမ္ဘာကြီး လေးလွန်းသွားရင် ပျက်တတ်သတဲ့ :-)

ဒဏ္ဍာရီ said...

အကို့ရဲ့ တပတ်စာ အချိန်ဇယားကဗျာလေးကို ဖတ်ရင်း ပြုံးမိပါတယ်..။ နောက်ဆိုရင် သားအမိနှစ်ယောက် ကစားနေရင် အကိုက ပလေးဂရောင်းမှာ လေ့ကျင့်ခန်းလုပ်ပေါ့။ ၀ိတ်မတက်အောင်လေ တော်ကြာ ၂၀၀ ဖြစ်သွားမယ်။း)

ခင်မင်လေးစားလျှက်

Anonymous said...

အကိုရေ

သဘာဝကျကျ စာရေးထားလိုက်တာ သဘောကျပြုံးမိပါ
တယ် ( တနေ့ တာကုန်ဆုံးပုံလေး ) ။

မိုးမောင် said...

အိပ်ယာဝင်... ပြီးတော့ ကဗျာက ပြီးသွားပြီလား ဆရာ။ :D

Myanmar Good Knowledg Co., Ltd said...

ကိုမျိုးရေ၊
မင်္ဂလာပါ။
နေ့စဉ်အချိန်ဇယားက ကွက်တိပဲနော်။ ကျွန်မလည်း ဒီလိုပါပဲ။ “၀”တာက တစ်ကိုယ်လုံးမျှမျှတတ ၀ တယ်ဆိုရင်တော်သေးတယ်။ ဗိုက်ပူတာကိုတော့ ပိုစိတ်ညစ်တယ်နော်။

thawzin said...

အိမ်သူမယားနဲ ဆိုတော့လဲ ဒီလိုပဲ ကုန်ဆုံးကြတော့မယ်ပေါ့ဗျာ

ခရေညို said...

ကိုမျိုး ရေ
ခရေညို တို့အားလုံးကဘဝ တူတွေပဲဟာ။
ကိုယ်ကမိသားစုနဲ့အတူ နေရတော့ သူများတွေထက်တော့ နှာတဖျားသာသေးတာပေါ့ နော့

ရွှေရတုမှတ်တမ်း said...

ဟာ..ကိုမျိုး..အဲလောက်တောင် ဝ နေပြီ..
ကောင်လေးဝိတ်သိတ်မတက်စေနဲ့...

slym said...

I have lost my habit of exercise since I moved to Yew Tee flat...Hope to gain some weigh as a result of laziness bcz my BMI is less than optimal. :)

WWKM said...

ဖတ်ပြီးပြုံးသွားတယ်. ;)))
ကိုမျိုးက မိသားစုကို ချစ်တတ်တာပဲ..လေးစားပါတယ်ရှင်။

kaungkinpyar said...

လှလို့ ၀လို့ ပေါ့..း)
တမိသားစု လုံး ကျန်းမာနေရင် ကောင်းပါတယ် နော့..