မွေးရပ်မြေအညာ သို့ အလည်လာရောက်ကြသူ မိတ်ဆွေအပေါင်း စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းဖြင့် ပြည့်စုံအောင်မြင်နိုင်ကြပါစေ..... ကိုမျိုး (အညာမြေ)...

Wednesday, December 30, 2009

ကိုမျိုး (1977 - ....... )

လူအဖြစ် စခဲ့တာက 1977
အခုကုန်တော့မယ့် နှစ်က 2009
ခုနှစ်တွေ ဖြတ်သန်းလာခဲ့တာ များခဲ့ပြီ..
ငါဘာမှ မသိခဲ့။
မိုက်မြဲ မိုက်လျက်။
.........
ခုနှစ်တွေ များစွာ လာဘို့ ရှိသေးပေမယ့်
ထိုအထဲက တစ်ခုသော ခုနှစ်မှာတော့
ငါဟာ.. ဒီလူသားဘ၀ကနေ
အပြီးတိုင် စွန့်ခွါရမှာတော့
မပြောဘဲ သိပါ၏
........

ခင်မင်စွာဖြင့်
ကိုမျိုး (အညာမြေ)

13 comments:

အဖြူရောင်နတ်သမီး said...

2010 is at the door...
Remember...Life is short,
break the rules,
forgive quickly,
kiss slowly,
love truly,
laugh uncontrollably,
and never regreat anything that made you smile.

မိုးမောင် said...

နှစ်ကူးဆိုတာ ပြက္ခဒိန်စာမျက်နှာပြောင်းသွားတာပဲ ရှိပါတယ် အကိုရာ။ ကျန်တာတွေက သူ့အကြောင်းတရားနဲ့ သူ့ဖာသာစီဆင်းမြဲပါပဲ။

နှစ်ကူးမှာ ပျော်ရွှင်ပါစေဆိုတာထက် ရာသက်ပန် စိတ်ချမ်းသာလို့ ကိုယ်ကျန်းမာပါစေဗျာ။

မောင်မိုး said...

Happy New Year မှာ ပျော်ရွှင်ဖွယ်နေ့ရက်များစွာ ပိုင်ဆိုင်နိုင်ပါစေဗျားး။

ဒဏ္ဍာရီ said...

ပြက္ခဒိန်တွေ ပြောင်းလို့ တနှစ်လည်း ကူးခဲ့ပြီ အကိုရေ... အရှုံးတရားမှန်သမျှ ၂၀၀၉ နဲ့ တပါတည်း ထည့်ပေးလိုက်ပြီး ၂၀၁၀ မှာ ကျက်သရေ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံနိုင်ပါစေ..

ခင်မင်လေးစားလျှက်

ရွှေရတုမှတ်တမ်း said...

ကိုမျိုးရေ..ပျော်ရွှင်စရာနှစ်သစ်ဖြစ်ပါစေဗျာ

မယ့်ကိုး said...

သံဝေဂ ကဗျာလေးက ကောင်းလိုက်တာ။
Happy New Year ပါ
ပျော်ရွှင်ဖွယ် နှစ်သစ်ကစ အစစ အရာရာ အဆင်ပြေ အောင်မြင်ပါစေ... စာကောင်းတွေလည်း အများကြီးရေးနိုင်ပါစေ။

thawzin said...

32 နှစ်ပြည့်တော့မယ် ရတုတွေတိုင်အောင် အသက်ရှည်စွာ အနာမဲ့နိုင်ပါစေဗျာ။ ပရဟိတဖြစ်စေ၊ ကုသိုလ်ဒါနအရေးများလဲ ပျော်ရွှင်စွာ ပါဝင်နိုင်ပါစေလို့ နှစ်သစ်မှာ ဆုတောင်းပေးပါတယ် အကိုရေ

မြစ်ကျိုးအင်း said...

နှစ်သစ်မှာ ပျော်ရွှင်အဆင်ပြေပါစေဗျာ

Anonymous said...

တကယ်တော်တဲ့ ဒို့ကိုကြီးပဲ။
သာဓုပါဗျာ.. သာဓု သာဓု
ဒီလို မရဏာနုဿတိဆိုတာ သိပ်ကုသိုလ်ထူးတာ။
နိဗ္ဗာန်တိုင်အောင် အကျိုးပေးတာပဲ။

ခရေညို said...

ကိုမျိုးရေ
ဒီလိုပါပဲ တစ်နေ့တော့ လူတိုင်းသေရမှာပဲလေ

ပျော်ရွှင်စရာနှစ်သစ်ဖြစ်ပါစေ

Myanmar Good Knowledg Co., Ltd said...

ကိုမျိုးရေ
မင်္ဂလာနှစ်သစ်ပါ။
သတိတရနှုတ်ဆက်ပေးတာကို အမြဲကျေးဇူးတင်နေပါတယ်။
ကျွန်မ နှစ်သစ်ကူးပိတ်ရက်၆ရက်ကို အလုပ်များစွာနဲ့ပျော်ရွှင်နေပါတယ်။ ဒီနေ့ တော့ ကိုမျိုးရဲ့ တရားရှိတဲ့ နှစ်သစ်ရှုမြင်ပုံကဗျာလေးကို လာဖတ်ပါတယ်။
၂၀၁၀မှာလည်း ကုသိုလ်များနဲ့ ရီစရာပို့စ်များကို အများကြီး ဖတ်ဘို့ ပျော်ရွှင်စွာမျော်လင့်လျှက်ပါ။ ကိုမျိုးတို့မိသားစုအတွက် ကျက်သရေမင်္ဂလာနဲ့ စီးပွါးတိုးတက်ပျော်ရွင်ကျန်းမာစေဘို့ ဆုတောင်းလိုက်ပါတယ်။

ကောင်းကင်ပြာ said...

နှစ်သစ်မှာ ပျော်ပါစေ ကိုမျိုးရေ..နောက်ကျနေတယ် ရောက်တာ..း)

slym said...

For men may come and men may go,,,,but u go on forever...:D