မွေးရပ်မြေအညာ သို့ အလည်လာရောက်ကြသူ မိတ်ဆွေအပေါင်း စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းဖြင့် ပြည့်စုံအောင်မြင်နိုင်ကြပါစေ..... ကိုမျိုး (အညာမြေ)...

Tuesday, November 17, 2009

မုန့်ဟင်းခါး နှစ်ပွဲ

ကျနော် စင်ကာပူ သွားမယ်ဆိုတော့ ဦးလေးဖြစ်သူ ရန်ကုန်သို့ လိုက်လာပါတယ်။ ဟိုတလောက ပို့စ်မှာ ပြောတဲ့ ဦးလေးပေါ့။
"ဦးလေး...ရန်ကင်းက မုန့်ဟင်းခါး အရမ်းကောင်းတယ် ပြောတယ်။ ဒီနေ့မနက် သွားပြီး မုန့်ဟင်းခါး စားရအောင်"
"အေး.. သွားကြတာပေါ့"
မုန့်ဟင်းခါး ဆိုင်လဲ ရောက်ရော.. ဟာ.. မုန့်ဟင်းခါးအိုးကြီးကလဲ တို့ရွာက ရွာဘုံဟင်းချိုအိုးထက်တောင် ကြီးပါသေးလား ဆိုပြီး အားရပါးရ ပြောပြီး မုန့်ဟင်းခါး မှာပါတယ်။ စားပွဲထိုးလေးက ...
"မုန့်ဟင်းခါး နှစ်ပွဲ စားမယ်"
"မုန့်ဟင်းခါး ကို စားမယ်လို့ မပြောရဘူး ငါ့တူ။ မုန့်ဟင်းခါး သောက်မယ် လို့ပြောရတယ်"
"ဟုတ်ကဲ့ပါ.. ဘယ်နှပွဲလဲ ဦးလေး"
"နှစ်ပွဲ"
"ဘာကြော်နဲ့ စားမလဲ ဦးလေး"
"ကုန်းဘောင်ကြီးကြော်နဲ့ "
ကဲ ကျနော့် ဦးလေး လုပ်ပုံများ မုန့်ဟင်းခါးကို ဘာကြော်နဲ့ စားမလဲမေးတာ ကုန်းဘောင်ကြီးကြော်နဲ့ စားမယ်ဆိုပြီး အတည်ကြီးနဲ့ မှာတာ။ စားပွဲထိုးလေးခဗျာ သဘောတွေကျလွန်းလို့ တခွီးခွီးနဲ့။
..............................
ခင်မင်စွာဖြင့်
ကိုမျိုး (အညာမြေ)

13 comments:

moemoestar said...

ကိုမျိုးရေ...
ကိုမျိုးရဲ့ ဦးလေးနဲ့ တွေ့ သူတိုင်းက ရယ်နေရမှာဘဲနော်
အသက်ရှည်တာပေါ့...

Waing said...

မုန့်ဟင်းခါး ကုန်းဘောင်ကြီးကြော်နဲ့ လိုက်ပွဲ ၂ပွဲ ပေးပါဗျို့း)

မိုးမောင် said...

သြော်.. ဦးလေး ဦးလေး..
ကုန်ဘောင်ကြီးကျော်နဲ့ မုန့်ဟင်းခါးစားမလို့ ကြံတာကိုးး))။

မောင်မိုး said...

အင်း..ကြုံရင်တော့ ကုန်းဘောင်ကြီးကြော်နဲ့ မုန့်ဟာင်းခါး ရောစားကြီးဦးမယ်။။။ ဟားးဟားး

ခရေညို said...

မုန့်ဟင်းခါး သောက် မယ်။ ကုန်းဘောင်ကြီးကျော်နဲ့နော် ချဉ်ငံစပ်ကလေး ပြီးတော့နံနံပင် များများလေး ဟိ

thawzin said...

ဂဏန်းကျော်နဲ့ ကျွန်တော် စားချင်တာ

ရွှေရတုမှတ်တမ်း said...

ချိုချဉ်ကျော်နဲ့တပွဲ...

slym said...

wonder which one is correct, drink or eat.:D

ဒဏ္ဍာရီ said...

အကို့ ဦးလေးကတော့ ပြောစမှတ်ကို ဖြစ်လို့နော်...း)

ခင်မင်လေးစားလျှက်

Unknown said...

ကိုမျိုးရေ....
ဒီပို့စ်လေးဖတ်လိုက်တာ မြန်မာပြည်က အညာမုန့်ဟင်းခါးကို စားချင်သွားမိတယ် ...
ပဲမှုန့်နဲ့ အရည်ပြစ်ပြစ် ချက်ထားတဲ့ မုန့်ရည်နဲ့လေ
စာဘူးမှာပါ .... ဟီး
ခင်မင်စွာဖြင့်
နှင်းဟေမာ

မဆုမွန် said...

မုန့်ဟင်းခါးတစ်ပွဲ ကြက်ကြော်လေးထည့်ပါနော် ပို့စ်လေးဖတ်ပြီး ပြုံးသွားတယ်...

Myanmar Good Knowledg Co., Ltd said...

ကိုမျိုးရေ၊ ကျွန်မကတော့ မုန့်ဟင်းခါးထဲကို ၀က်ဆီဖတ်ကျော် ညှပ်ထည့်ပြီးစားချင်လာတယ်။ ဦးလေး၊ ဦးလေး၊ သူ့ကြောင့်လူတွေ ပိုပြီးချင်ခြင်းတက်လာရတယ်နော်။

ရွှေပြည်သူ (ShwePyiThu) said...

အစ်ကို့ဦးလေးကတော့ ပြောတတ်တယ်နော်း)) ဖတ်ပြီး မုန့်ဟင်းခါး စားချင်စိတ်လည်း ပေါက်လာမိပါတယ်...