မွေးရပ်မြေအညာ သို့ အလည်လာရောက်ကြသူ မိတ်ဆွေအပေါင်း စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းဖြင့် ပြည့်စုံအောင်မြင်နိုင်ကြပါစေ..... ကိုမျိုး (အညာမြေ)...

Sunday, November 15, 2009

အပျင်းပြေ

လာလည်တဲ့သူတွေ ပျင်းနေမှာ ဆိုးလို့ ပျော်တော်ဆက်အနေနဲ့ပါ။ ဒီရက်ပိုင်း မအားတာလဲ ပါတာပေါ့လေ။ ရေးချင်တာတွေလဲ အများကြီးနဲ့ပါ။ မတတ်သာလို့ ခပ်ခွါခွါ နေရတဲ့သဘောပါ။ အချိန်ရတုန်းလေး ခပ်ခွါခွါလေး မနေနိုင်ပြန်ဘူးလေ။ ဟာသတိုတိုလေးတွေ မအားတဲ့ကြားထဲက တင်လိုက်တာပါ။ ဒီလိုပုံစံမျိုးလေးတွေ ကျနော်တို့ရွာမှာ နေ့စဉ်ပြောရင်း ကြားခဲ့ရတာလေးတွေ ဒု နဲ့ ဒေး ပါ။ ဖတ်ရတာ အဆင်ပြေကြရင်ဖြင့် အပျင်းပြေ တင်ပေးပါ့မယ်။
ဟိုတလောက ကျနော့် အီးမေလ်ထဲမှာ သူငယ်ချင်းတွေရဲ့ Forward မေးလ်တွေကို ဖွင့်ကြည့်တော့ ကျနော် ရေးထားတဲ့ ပို့စ် ကျနော့်ဆီ ပြန်လည်လာတယ်။ အော်..ဒါက စာဖတ်သူတွေ သဘောပေါ့လေ။ ကော်ပီကူးပြီး forward လုပ်ကြမယ်ဆိုရင်ဖြင့် ရေးသူနာမည်လေး မမေ့ကြဖို့၊ သတိလေးထားပေးကြဖို့ အထူးမေတ္တာ ရပ်ခံပါတယ်။ ဒါပေမယ့်..ဘယ်သူ့လက်ထဲက Forward မေးလ်မှာ ရေးသူနာမည် ကိုမျိုး(အညာမြေ) ကျန်ခဲ့သလဲ မသိဘူး။ ကျနော့်ဆီ ပြန်လည်ရောက်လာတော့ ရေးသူနာမည် မပါတော့ပါဘူး။ ဒါတွေနဲ့ ပတ်သက်ပြီး ဘာမှ ဝေဖန် ပြောဆိုမှု မလုပ်ချင်ပါဘူး။ ကျနော့် ဘလော့မှာ တင်ထားတာတွေ အားလုံး ကိုယ်ပိုင်အရေးအသားတွေကိုပဲ တင်ထားတယ်ဆိုတာလေး အသိပေးပါရစေ။ ကဲ..ဟာသတိုလေး နှစ်ခုနဲ့ စလိုက်ရအောင်။
......................
မယားဆို တောသူမှ
မယားဆို တောသူမှ ဆိုပြီး မြို့ကြီးသား တစ်ယောက် ကျနော်တို့ ရွာသူ အပျိုချောကို ယူပြီး ဟော်တယ်မှာ မင်္ဂလာဆောင် အပြီး ချောင်းသာ သို့ ဟန်းနီးမွန်း ထွက်ခဲ့ပါတယ်။ ကျနော်တို့ ရွာသူချောက ဟန်းနီးမွန်းဆိုတာ ဘာမှန်းမသိပါဘူး။ မြို့ကြီးသားကတော့ ရွာသူလေး တယ်လဲရိုးပါလားဆိုပြီး သဘောတွေခွေ့နေတာပေါ့။ ချောင်းသာရောက်တော့ ရွာသူချောက ဟန်းနီးမွန်းဆိုတာ ဘာလဲဟင် ဆိုပြီး မေးပါလေးရော။ မြို့ကြီးသားလဲ ဟန်းနီးမွန်းဆိုတာ ဒါပဲ ဆိုပြီး ပြသရအောင် အခန်းထဲကို ခေါ်ပြီး ဟန်းနီးမွန်းပါတယ်။ နှစ်ယောက်စလုံးလဲ မွန်းပြီးရော မြို့ကြီးသားက ကြွားဝါလေသံနဲ့..
"သိပြီလား..ဟန်းနီးမွန်းဆိုတာ"
"သိပါပြီတော်.. အထူးအဆန်းများ မှတ်လို့..
ဒီလို ဟန်းနီးမွန်းမျိုးဖြင့် ရွာမှာတုန်းက သာအေးနဲ့ ကောက်ရိုးပုံထဲမှာ ခဏခဏ.."
သြော် မယားတောသူ တယ်လဲ ရိုးရှာသကိုး။
.............................................
တောသူ မယား ညည်းခြင်း
ဒီကဖြင့် ကြင်ကြင်နာဖြင့် အနမ်းတွေ ပေးနေလိုက်ရတာ မောမတတ်။ သူကဖြင့် ပါးလေး ဘယ်ညာယိမ်းပေးပြီး ဘာမှလဲ ပြန်မပြော။ တစ်ချက်ကလေးမှတောင် ဟင့်..အင်..အကိုရယ် မလုပ်နဲ့..ဘာညာ မပြောတတ်ရှာဘူး။ အနမ်းပေးရတဲ့သူ အားရှိအောင် နည်းနည်းပါးပါးလေးလဲ ဟင့်..အင်..ဘာညာပြောပြီး ညည်းစမ်းပါ အချစ်ရယ်..
ဘယ်လိုတော့..ညည်းရမယ် ဟုတ်လား..
အင်းပေါ့..အချစ်ရဲ့..
အဲဒါဆိုလဲ ထပ်ပြီး နမ်းပြလေ၊ ကျုပ် ညည်းပေးမယ်..
မြို့ကြီးသားမှာဖြင့် အရိုးခံလေးမို့ ချစ်လိုက်ရတာ တုန်လို့။ မျက်စိလေးမှိတ်ပြီး အနမ်းလေးတွေ ဘယ်ညာလဲ ပေးလိုက်ရော.. တောသူမ ခဗျာ...မြို့ကြီးသားအလိုကျ ညည်းလိုက်ပုံက..
မနက်ဖန်အတွက် ဆန် နဲ့ ဆီ နဲ့ မရှိတော့ဘူးတော့ တဲ့...
......................................
ကဲ ကျနော်တို့ ရွာသူ အပျိုချောတွေ ဘယ်လောက်ရိုးအ ကြလဲ သိပြီးလား။
...........................
ခင်မင်စွာဖြင့်
ကိုမျိုး (အညာမြေ)

5 comments:

ဒဏ္ဍာရီ said...

ကိုမျိုးရေ .... ရွာသူ အပျိုတွေ ရိုးလိုက်ပုံများ... မြိုကသူတွေလည်တာ ရွာသူတွေ အိပ်နေသလောက်ပဲ ရှိမယ်ထင်တယ်နော် ....း)))

ရီစာရာ ဟာသလေး အဖြစ်ဖတ်သွားပါတယ်။

ခင်မင်လေးစားလျှက်

ခရေညို said...

အရှားပါးဆုံးအရာက ရိုးသားမှူ့ပဲ။ ဒါပေမဲ့ ရိုးလွန်းရင်လည်း "အ" သလိုဖြစ်တတ်တယ်။

thawzin said...

ဟားဟား........... တကယ်သဘောကျတယ်ဗျာ။ လက်ရှိ တောသူတို့က မရိုးတော့ဘူးဗျ။ ကိုယ့်ထက်ခေတ်မှီတယ်။ အဲလို ကိစ္စတွေဆိုရင်။ ရွာသူတွေ တောတတ်ရင် ပိုပြီး လန်တယ်ထင်တာပဲ။ လိုက်မှန်းမသိ၊ မလိုက်မှန်းမသိ ၀တ်ကြတာလေ။ အခုလဲ မြန်မာပြည်သူမလေးတွေ ၀တ်တာပဲ ကြည့်မကောင်းပါဘူး။ ကောက်ညင်း ထုတ်စည်းထားတဲ့အတိုင်းပဲ ကန်ထွက်နေတာ စိုးသဗျာ။ ညည်းချက်လေးတော့ ကောင်းသဗျ။ မိန်းမတွေ ဒါတွေ အရမ်းညည်းတတ်ကြတာ။ အေးတာပဲ အဲလိုညည်းပြတော့ ဟိုလူ ဘာအရသာ ခံမိသလဲမသိဘူးနော့်။

Myanmar Good Knowledg Co., Ltd said...

ကိုမျိုးရေ၊ ရွာသူရိုးတာကတော့ ဘယ်လိုပြောရမှန်းတောင်မသိပါဘူးနော်။သိပ်ရိုးတာပဲလား သိပ်မစဉ်းစားတာပဲလား။ ဒါပေမယ့် ဖတ်ရတာကတော့ တော်တော်ရီရတယ်။

Anonymous said...

ကိုမျိုးကလည်း ချက်ချရာကြီးဂျာ။ ဘာတွေရေးထားမှန်းလည်း သိဟူး..........။