မွေးရပ်မြေအညာ သို့ အလည်လာရောက်ကြသူ မိတ်ဆွေအပေါင်း စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းဖြင့် ပြည့်စုံအောင်မြင်နိုင်ကြပါစေ..... ကိုမျိုး (အညာမြေ)...

Thursday, September 17, 2009

အညာသားလေး ယောင်လည်လည် (၂)

အညာသားလေး ယောင်လည်လည် (၁) ရေးပြီးတော့ (၂) ကို ရေးချင်ပါတယ်။ လူစုံတုန်းလေး။ အညာသား အားလုံးကို မဆိုလိုပါ။ ကျနော် အညာသား တစ်ယောက်ထဲရဲ့ စင်ကာပူမှာ ဖြစ်ခဲ့တဲ့ အဖြစ်တွေပါ။ အဖြစ်တွေက ဒီလို..

ကျနော် စင်ကာပူ စရောက်ပြီး မှတ်မှတ်ရရ လေးရက်မြောက်နေ့မှာ Bedok မှာ နေတဲ့ အညာသား သူငယ်ချင်းက အလည်လာဘို့ ဖိတ်လို့ သွားခဲ့ပါတယ်။ ကျနော် က အဲဒီတုန်းက NTU က အဆောင်မှာ နေတာ။ NTU ကနေ Boonlay ကို Bus ကား စီး။ ပြီးတော့ မှ Boonlay ကနေ Bedok ကို ရထားစီး။

ရထားမစီးခင် ကျနော့ သူငယ်ချင်းဆီ ဖုန်းဆက်ပါတယ်။ ဘယ်ဘက်လိုင်းကို စီးရလဲ။ ခရီးကရော ဝေးလား။

အေး.. Boonlay ကနေ ဆိုတော့ တော်တော်ဝေးတယ်။

သြော် အေး အေး.. မင်း Bedok MRT ကနေ စောင့်နေနော်.. ငါ အခု Boonlay ရောက်နေပြီ။

အေး အေး..

သူငယ်ချင်းက တော်တော် ဝေးတယ် ဆိုတာနဲ့ ကျနော် အညာသား စဉ်းစားတယ်။ အတွေးချော်ပုံများ။
ဒီကောင် ပြောတာ တော်တော် ဝေးတယ် ဆိုတော့ ကဒ်ထဲက ပိုက်ဆံမလောက်ရင် ရှုပ်ကုန်မယ်။

အဲဒီတော့ ကိုယ့်ဘာသာ ကိုယ့်အတွေးနဲ့ကိုယ် တွေးပြီး ကဒ်ထဲက ပိုက်ဆံမလောက်ရင် ဆိုတဲ့ အတွေးနဲ့..

ဟေ့ကောင်... မင်း နေရာက တော်တော် ဝေးတာဆိုတော့ ကဒ်ထဲက ပိုက်ဆံ မလောက်ရင် ဘယ်လိုလုပ်မလဲ..

အာ.. မင်းကလဲ တော်တော် အ တဲ့ကောင်..

နှစ်ကဒ် ၀ယ်ခဲ့။

အညာသားတို့ လုပ်ပုံများ။ ကျနော်ကလဲ ၀ယ်ချလိုက်တယ်.. နောက်ထပ်အသစ် တစ်ကဒ်။

ဟုတ်သားပဲနော်.. တကယ်လို့ ပိုက်ဆံမလောက်ရင် ဘယ်လိုလုပ်မလဲ။

သူတို့အိမ်ရောက်တော့ အရင်ရောက်တဲ့ သူတွေကို ပြောပြတော့ ရယ်လိုက်ကြတာဗျာ...

ကျနော့ မှာတော့လေ ကဒ်နှစ်ကဒ် နဲ့ ရယ်ရမလို ငိုရမလို။

8 comments:

ခရေညို said...

ဟဟ ကိုမျိုးတို့က တော့လွဲပြန်ပြီဟ
တော်တော်ရယ်ရတဲ့ ကိုမျိုးပဲ
ဟားဟာ: (၁၅ခါ )

နှင်းဟေမာ said...

အညာသူ အညာသားတွေတော့ ကိုမျိုးလုပ်ပုံနဲ့ မရှိမဲ့ ရှိမဲ့ သိက္ခာလေးတွေ ကုန်ပါပြီ......
းp
နှင်း

မိုးမောင်(HappyCloud) said...

အဲသလို ကြုံဖူးတယ်ဗျ။ ကျနော့်ဘော်ဒါ အညာသားတစ်ယောက်ဆို တစ်ကဒ်ထဲနဲ့ နှစ်ယောက်တပြိုင်နက် ၀င်မလို့ လုပ်တာ.. လုံခြုံရေးက မနည်းတားရတယ်။ :D

Anonymous said...

ဒါတွေက အညာသားမှ မဟုတ်ပါဘူးဗျာ.. ဘယ်နိုင်ငံရောက်ရောက် စရောက်စဆို အဲဒီလိုပဲ လည်တတ်ပါတယ်။ နောက်ဆို သတိထားပေါ့ဗျာ.. ဟီး

နွေးနေခြည် said...

ဒါဆို ခုပိုနေတဲ့ တကဒ်ပေးပါဗျို့း)

Myanmar Good Knowledg Co., Ltd said...

ကျွန်မလည်းဖြစ်ဘူးတယ်၊ ဂျပန်ရောက်ခါစက ရထားပြောင်းစီးရင်၊ လက်မှတ်ကို နှစ်ခါခွဲဝယ်ရတယ်လို. ထင်ခဲ.ပြီး၊ ရထားနှစ်ဆင့်စီးရမယ့်လမ်းကိုရှောင်တယ်။
ရန်ကုန်သူစစ်စစ်ပါ။ “အိမ်”ပြောသလိုပါပဲ။
ဒါပေမယ့် ကျွန်မကတော့ ရောက်ခါစမဟုတ်ပဲနဲ. အခုအချိန်မှာလည်း အဲလိုဖြစ်တာတွေရှိပါတယ်။ အတွေးချော်တာလေ။

ရွှေပြည်သူ (ShwePyiThu) said...
This comment has been removed by the author.
ရွှေပြည်သူ (ShwePyiThu) said...

အညာသားမှ မဟုတ်ပါဘူး အစ်ကိုရယ်... ဘယ်သူမဆို ကိုယ်မကျွမ်းကျင်တဲ့ နယ်မြေသစ်မှာဆို တခါတခါ ရိုးရိုးရှင်းရှင်း ကိစ္စတွေတောင် မှားတတ်ကြပါတယ်း) ညီမမှာလည်း ezlink အပိုတစ်ကဒ်ရှိတယ်။ ညီမတော့ အခု အဲဒီကဒ်ကို 10.00 လောက်ထည့်ပြီး အိတ်ထဲမှာ အမြဲဆောင်ထားပါတယ်။ သုံးနေကျကဒ် top-up လုပ်လို့မရတဲ့ နေရာမှာ မထင်မှတ်ဘဲ ကုန်သွားရင် အရံသင့်လေးရှိအောင်း))