မွေးရပ်မြေအညာ သို့ အလည်လာရောက်ကြသူ မိတ်ဆွေအပေါင်း စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းဖြင့် ပြည့်စုံအောင်မြင်နိုင်ကြပါစေ..... ကိုမျိုး (အညာမြေ)...

Wednesday, September 23, 2009

မောင်နေ နဲ့ စင်ကာပူ အင်္ဂလိပ်

ယောင်လည်လည် လေးတွေ ရေးရင်း စင်ကာပူမှာ ဖြစ်ခဲ့တာလေးတွေကို ဖောက်သည်ချ ချင်ပါတယ်။ အဖြစ်က ဒီလို။

ကျနော် အခု လုပ်နေတဲ့ ရုံးမှာ ဟိုတလောက မြန်မာပြည်ကနေ ရောက်လာတဲ့ သူတစ်ယောက် အကြောင်းကို ပြောပြချင်ပါတယ်။ သူ့နာမည်က မောင်နေ (နာမည်အပြည့်အစုံ မဟုတ်ပါ)။ သူ့နာမည်မှာ နေ ပါတယ်။ အဲဒီလိုပဲ မှတ်ထားပါ။ ဖြစ်ပုံက.. သူက ကျနော် တို့ ရုံးကို စရောက်ပြီး နောက်နေ့မှာ ပဲ သူဌေးက မြန်မာ အလုပ်သမား တစ်ယောက် မင်း ဆိုဒ် ထဲမှာ လာမယ်။ အဲဒါ လိုအပ်တာ ရှိရင် ကူညီ ရအောင် မြန်မာ အချင်းချင်း ဆိုတော့ အဆင်ပြေအောင် ဆိုပြီး ကျနော့ ဆိုဒ်ထဲကို ပို့လိုက်တယ်။ ကျနော်ကလဲ ဘယ်ကလဲ၊ ဘာတွေ လုပ်ဘူးလဲ အဲဒီလောက်ပဲ မေးပြီး သူ့ကို ဆိုဒ် ထဲမှာ ထားလိုက်ပါတယ်။

ကျနော့ ဆိုဒ်ထဲမှာက Germany က engineer တစ်ယောက်လဲ ရှိတယ်။ ကျနော် ကတော့ အဲဒီ engineer ကို ဖုန်းဆက်ပြီး အလုပ်သမား အသစ်တစ်ယောက် လာမယ် ပြောထားတယ်။ Germany က engineer ကလဲ လာတဲ့ မြန်မာ အသစ်ကို မိတ်ဆက်တယ်။

Hi, How are you?
I'm fine.

May i know your name pls ?
ae'.. My name is Nay (နေ)..

အဲဒီ အင်ဂျင်နီယာက ... ထပ်မေးတယ်.. အဲဒီတော့ မောင်နေ ကထပ်ပြီး ရှင်းပြတယ်..

my name is Nay (နေ)..

aww.. Nway.. (နွေ ) lah..

No No.. Nay.. (နေ)

ann.. Nway (နွေ)..lah.. နေ ကို ဘယ်လိုပြောပြော နေ လို့ ပီပီသသ မထွက်တတ်ဘဲ နွေ.. ကြီးပဲ ပြောနေတော့..

ကိုမြန်မာ အသစ်က.. စိတ်မရှည်ဟန်နဲ့.. အသံနဲနဲ မြှင့်ပြီး..

no..no.. nay..nay...

ဆိုပြီး အပေါ်ကို လက်ညှိးထိုးပြီး ရှင်းပြတယ်..

ဂျာမဏီ ကောင်ကလဲ အူကြောင်ကြောင်နဲ့ သူထိုးပြတဲ့ အပေါ်ကို လိုက်ကြည့်တာပေါ့..

Now..you know lah.. နေ.. နေ..

ဂျာမဏီကောင်လဲ ဘာမှန်းမသိဘဲ ကြာလာတော့..

aww..yeh yeh... တဲ့..

မြန်မာတွေ အဲဒီလို တော်တာ။ ဘယ်လို ရှင်းပြရမယ် ဆိုတာ အတိအကျ သိတယ်။ နေ ဆိုတာ အတိအကျသိအောင် နေကို လက်ညှိးထိုပြီး ဂျာမဏီ က ကောင်ကို အပီအပြင် ရှင်းပြတာ..... :)

.................................................................x.................................................................................................

ပြီးတော့ သူအပီအပြင် ရှင်းပြတာလေး ပြောပြချင်ပါတယ်။ တလက်စ တည်း။

အရင် တပတ် သောကြာ နေ့က အဲဒီ မောင်နေ ကျနော့ ဆီကို ဖုန်းဆက်တယ်။ သူ..သိပ်ပြီး နေမကောင်းလို့တဲ့။ ၀မ်း ခဏခဏ သွား နေလို့တဲ့။ အဲဒါ ကုမ္ပဏီက ဆရာဝန်ဆီ သွားပြမလို့တဲ့။ ဒါပေမယ့် ၀မ်း သွားတာကို အင်္ဂလိပ် လို ဘယ်လို ပြောရမှန်း မသိဘူး ဖြစ်နေတယ် တဲ့။ ကျနော့ ကို လာမေးတယ်။

ကျနော် လဲ.. ငါလဲ တခါမှတော့ ၀မ်း သွားတာကို ဆရာဝန်ကို ရှင်းမပြဘူးဘူး။ လက်ဟန် ခြေဟန်.. ဒါမှ မဟုတ်ရင်လဲ..ဒီလို ပြောလိုက်..

Doctor.. I'm going toilet.. many many times lah..

မင်း အဲဒီလို ပြောလိုက်။ အဲဒါ ဆိုရင် ဆရာဝန်က နားလည်တယ်။ လိုအပ်တဲ့ ဆေးတွေလဲ ပေးလိမ့်မယ်။ MC ပေးတယ်ဆိုရင်တော့ ငါ့ဆီကို submit လုပ်နော်။ အဲဒီလို မှာလိုက်တယ်။

ဟိုရောက်တော့.. သူက ဆရာဝန်ကို ရှင်းပြတယ်။

Dear Doctor.. ae'.. me lah.. ae'.. I'm toilet going..Many Many Times lah..

ae'.. I'm toilet going..Many Many Times. yeh..many many..

ဆရာဝန်ကလဲ သူပြောတာ နားမလည်။ ခဏ ခဏတော့ toile.. many many times.. လို့ ရှင်းပြတယ်။ ဆရာကလဲ နားမလည်။ ခေါင်းကုတ်။ မရ မက ရှင်းပြမယ်ကွာ ဆိုတဲ့ စိတ်နဲ့.. အလုပ်နဲ့ ဆက်စပ်ပြီး ရှင်းပြမယ်။ သူကလဲ အလုပ်ထဲမှာ Concrete လောင်း နေသူ ဆိုတော့..

Doctor.. you know.. Concrete Pump lah..

Yeh.. I know..

you know.. My here (ဖင် ကို လက်နဲ့ ပုတ်ပြ ပြီး ).. concrete pump.. ဗုန်း ဗုန်း... ဗုန်း.. ဗုန်း.. many many...

အဲဒီလို ရှင်းပြလိုက်တော့မှ ဆရာဝန်က သဘောပေါက်ပြီး ၀မ်းသွား နေတာကို သိသွားတယ်..

မောင်နေ တို့ကတော့ အဲဒီလို တော်တာ။

အဲဒါကြောင့် ပြောတာ.. မြန်မာတွေ မညံ့ပါဘူးလို့.. နေရာတိုင်းမှာ စိတ်ချရတယ်.. :).. :)..

ကျနောလဲ မောင်နေ ကို အလုပ်ထဲမှာ အလွန်သဘောကျတာ။ မကြောက်တတ်ဘူး။ ပြောရရင် လူရွှတ် လူနောက်။ အလုပ်ကတော့ လက်ကြောတင်းတယ်။ အဲဒါနဲ့... အေး..မောင်နေ.. မင်း ဘယ်ဇာတိလဲ။

ကိုမျိုး..ကျနော် က.. မြင်းခြံ ကဗျ..

သြော်..အညာသားတွေ တွေ့မှ တွေ့တတ်ပလေ။

10 comments:

ရွှေပြည်သူ (ShwePyiThu) said...

မောင်နေ့ အဖြစ်က ရယ်လည်းရယ်ရသလို စိတ်မကောင်းလည်း ဖြစ်ရပါတယ်။ မြန်မာတွေ ဟိုတခေတ်ကလို အင်္ဂလိပ်စာ သိပ်ကောင်းကြရင် ကောင်းမှာပဲ။ ခုခေတ်လို နိုင်ငံရပ်ခြား အလုပ်ထွက်လုပ်နေကြရတဲ့ ကာလမှာ တချို့ဆို အရည်အချင်းပြည့်ပါလျက်နဲ့ အင်္ဂလိပ်စာ Fluent မဖြစ်လို့ ရသင့်တဲ့ ရာထူးနေရာ မရကြတာတွေ မြင်မြင်နေရလို့ပါ။

Anonymous said...

ကိုမောင်နေ၇ဲ့ ဖြစ်၇ပ်လေးကို ဖတ်၇ တာ
ကျွန်မစိတ်ထဲမှာ ကျေနပ်စွာနဲ့  ပြုံးမိပါတယ် ။ လှောင်တဲ့စိတ်လုံးဝမပါဘူးဆိုတာ ပြောပါ၇စေ ၊ မြန်မာတွေကလိမ်မာ ပါးနပ်တဲ့အမျိုးပါ ၊ English မ၇သေးတာကေ၇ာက်ခါစလဲဖြစ်နေတာကြောင့်လဲ ဖြစ်မှာပါ ။ ဒါပေမယ့်သူေ၇ာက်နေတဲ့နေ၇ာမှာအကောင်ဆုံးဖြစ်အောင်လုပ်နိုင်တာပဲလေ ၊ ကျွမ်းကျင်မှုတိုင်းပာာ အလေ့အကျင်တွေပေါ်မှာအခြေခံတာပါ ။ နောက်လာမယ်နှစ်တွေမှာ သူပာာအောင်မြင်တဲ့သူတယောက်ဖြစ်လာမှာပါ ။ လူတွေအားလုံပာာနိုင်ငံခြားေ၇ာက် ၇င်အနဲနဲ့ အများတော့ဖြစ် ကြမှာ ။

ကိုရင်နော်ခင်လေးငယ် said...

အဖတ်ပြီး ပြုံးရတယ်..း)

နွေးနေခြည် said...

ဖတ်ပြီး ပြုံးမိတယ်း)
ဘာပဲဖြစ်ဖြစ် မောင်နေ အဆင်ပြေပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ မောင်နေက ဖြတ်ထိုးဥာဏ်တော့ ကောင်းသားး)

ဖြူတုတ်လေး said...

မောင်နေက ပြသနာကို ရတဲ.နည်းနဲ. ဖြေရှင်းတတ်တယ်နော်။ ဒီPostလေးကိုဖတ်ပြီး ပြုံးရသလို၊ မောင်နေရဲ. အရည်အချင်းကိုလဲ ချီးကျူးမိပါတယ်။

ခရေညို said...

ဖတ်ပြီးပြုံးရတယ် မောင်နေ က အရည်အချင်းရှိတဲ့လူတစ်ယောက်လို့ထင်မိပါတယ်။ အညာသားတွေ အညာလေသံတွေနဲ့ အော်ပြောနေကြမှာမြင်ယောင်မိသေး။

thawzin said...

ရယ်မိရင် တမျိုးမထင်နဲ့ ရယ်မိသွားတယ်ဗျ.. မြင်းခြံသားဆို ကျွန်တော်နဲ့ အဲဒီကိုနေက အနီးလေးပဲ နယ်သားတွေပေါ့ အညာသားတွေ တော်ချက်က ပြောမပြရအောင်ပါပဲဗျာ

သက်ပိုင်သူ said...

အော်
ရေးတတ်ပါ့..
တော်တော်ရီလိုက်ရတယ်

Myanmar Good Knowledg Co., Ltd said...

မောင်နေကလည်းမောင်နေ၊
ပြောလည်းပြောတတ်ပါ.။
သူတို.ကလည်းသူတို.၊
နားလည်းလည်တတ်ပါ.။
ကိုမျိုးကလည်းကိုမျိုး၊
ရေးလည်းရေးတတ်ပါ့။
အားလုံးကို တော်တယ်လို.ပြောရမှာပဲ။

ရွှေရတုမှတ်တမ်း said...

သြော်...မောင်နေ တော်ဆို...
ကျုပ်နဲ့တရွာထည်းသားတွေကို..(အချောင်ကိုယ်ရည်ဝင်
သွေးခြငိး)