မွေးရပ်မြေအညာ သို့ အလည်လာရောက်ကြသူ မိတ်ဆွေအပေါင်း စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းဖြင့် ပြည့်စုံအောင်မြင်နိုင်ကြပါစေ..... ကိုမျိုး (အညာမြေ)...

Friday, September 4, 2009

ဖ တသတ် ဖတ်... ပ ရေးချ ပါ.. ဖတ်ပါ..

သဝေထိုး ရကောက် ၀ဆွဲ ဟထိုး ရွှေ..
နငယ် တချောင်းငင် လုံးကြီးတင် ငသတ် နိုင်... ရွှေနိုင်
င ရေး သေးသေးတင် ငံ.. ရွှေနိုင်ငံ
ဆလိမ်ရေး လုံးကြီးတင် ဆန်ခတ် ဆီ..

ရွှေနိုင်ငံ ဆီ။

င ရေးချ... ငါ
ပဇောက်ရရင်း နသတ်..ပြန်.. ငါပြန်
ခခွေးရပင့် ငသတ် ချင်.. .ငါပြန်ချင်
တ၀င်းမူရေး ယသ..တယ်

ငါပြန်ချင်တယ်။

သဝေထိုး နငယ်ရေ နေ.. အောက်ကမြင်..နေ့
ညရေး ည.. နေ့ည
စလုံး လုံးကြီးတင် တသတ်..စိတ်..
နေ့ညစိတ်
ကကြီးရေး နှစ်ချောင်းငင် ကူ..၀စ်စနှလုံးပေါက် ..ကူး

နေ့ညစိတ်ကူး။

င ရေးချ ငါ..
အ ရေ အ.. ငါအ..
ရကောက် နှချောင်းငင် ရူ.. ၀စ်စနှလုံးပေါက် ရူး..

ငါ အရူး။


ရွှေနိုင်ငံဆီ
ငါပြန်ချင်တယ်
နေ့ညစိတ်ကူး
ငါအရူး။

8 comments:

နွေးနေခြည် said...

Me too! :(

Anonymous said...

ဟင်... ဘာများလဲလို့ ပြန်ချင်တယ်ဆို ပြီးတာပဲဟာ သေချာ စာလုံးပါ လာပေါင်းပြတယ် ... ဟားဟား ဘာများလဲလို့ အသေအချာလိုက်ဖတ်တာ...

မိုးမောင်(HappyCloud) said...

((((ဟာ))))... ဆရာ.................
လုံးဝ မော်ဒန်ကဗျာစစ်စစ်ကြီးပဲဗျ.. ဟမ်။ ဒါမျိုးတွေလည်း လုပ်တတ်သလားဗျ။ :D

ခရေညို said...

တို့လည်းပြန်ချင်တယ်

နှင်းဟေမာ said...

အမလေး...... များဂါတို့ အညာသားတွေများ
အထင်မတေးကြပါနဲ့နော်...........
ခုတော့ တိကြဘီမို့လား...........
အိမ်လွမ်းလို့ ပြန်ချင်တာတောင်
ရေးတက်လိုက်ထှာလို့.........

အမြဲ အားပေးနေတဲ့
နှင်း

Talkii said...

အဟုတ်ပဲ :)

မေလေး said...

စာရေးကောင်းလိုက်တာ
နောက်မှအေးဆေးလာလည်အုန်းမယ်
လင့်ယူသွားတယ်နော်
ခင်မင်လျှက်
မေလေး(ဆုံနိုင်ခွင့်)

ပုံ့မေ said...

ဟဟ အစ်ကိုရေးထားတာသဘောကျတယ်။ လာလည်တာကျေးဇူးပါနော်။ လင့်လေးလဲယူသွားပါတယ်