မွေးရပ်မြေအညာ သို့ အလည်လာရောက်ကြသူ မိတ်ဆွေအပေါင်း စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းဖြင့် ပြည့်စုံအောင်မြင်နိုင်ကြပါစေ..... ကိုမျိုး (အညာမြေ)...

Thursday, September 3, 2009

ဦးမှို နဲ့ ဒေါ်ရှင်

ဒေါ်ရှင်။

အဆိုအက အလွန် ၀ါသနာပါသူ။ အလွန်စွာသူ။

ဦးမှို

ဒေါ်ရှင် ရဲ့ အမျိုးသား။ ဒေါ်ရှင် ရဲ့ ၀ါသနာကို အားပေးသူ။ ဟာသ အလွန် ပြောသူ။

ဦးမှို.. ဟိုတနေ့က စားပွဲခင်း အသစ်လေး ဘယ်ရောက်သွားလဲ။ မိရှင် လေ.. မိရှင်.. စားပွဲပေါ် ခင်းထားတဲ့ အခင်းကို ပြဇတ်စင် ပေါ်က အခင်းမှတ်ပြီး တက်..တက် ကနေလို့ စားပွဲကျိုးမှာ စိုးလို့ သိမ်းထားတာ။

အဲဒီလို ပြောတတ်သူ။ ဘယ်သူနဲ့မှလဲ အငြင်းမပွား သူ။ ဦးမှို တို့ အေးဆေးပြီး အငြင်းမပွား တတ်တာတော့ လူတိုင်းသိတယ်.. ဘယ်သူနဲ့မှလဲ မငြင်းရအောင် စကားပြောတတ်သူ။

ဦးမှို.. ဦးမှို.. လေယာဉ်ပျက်ကျတာ ဘယ်သူမှ မသေဘူးတဲ့...

အေးကွာ.. အကျကောင်းလိုက်တာ.. အဲဒီလို ဦးမှိုတို့က ဖြေတာ။

ဦးမှိုကသာ အေးတာ။ ဒေါ်ရှင် တို့ကတော့ သွက်သွက်လက်လက် ဆတ်ဆတ်ထိမခံ။

ဟေ့..မိရှင် တဲ့နော်.. လာမထိနဲ့။ ဇာမဏီမျိုး.. အမွှေးတစ်ပင် အကျွတ်မခံဘူး။ ဒေါ်ရှင် တို့က အဲဒီလို။

ရွာမှာ အရပ်ပြဇတ်ကတော့ ဒေါ်ရှင်က ပထမဦးဆုံး ထွက်ပြီး ကပြရတဲ့ နတ်ပင့် အကမှာ မင်းသမီး။ ဇတ်ပွဲမကခင် ရိုးရာအရ ငှက်ပျောပွဲ နဲ့ နတ်ကတော် အက ကပြီး နတ်တွေကို ဦးခိုက်ရတဲ့ အက။ ရွာလိုပြောရရင် ဒေါ်ရှင် ရဲ့ ပင်တိုင်အက။

အဲဒီအက ကဖို့ အ၀တ်အစားဆိုရင်လဲ ဒေါ်ရှင်တို့က တစ်ည တစ်မျိုး မရိုးရအောင် ၀ယ်ထားတာ။

တည အရပ်ပြဇတ် ကတော့ ဒေါ်ရှင်တို့ ပထမဦးဆုံး နတ်ဝတ် နတ်စား နဲ့ .. ကန်တော့ပွဲနဲ့ ထွက်လာတော့..

ဒေါ်ရှင်တို့ ဘယ်လောက်အထိ က ချင်သလဲဆိုရင် ..

မီးရောင်တွေ အောက်မှာ ၀တ်လာတဲ့ ထမိန်က ဇောက်ထိုး။ အထက်ဆင် က အောက်က။

အောက်က ပရိတ်သတ်က.. ဟ ဟ .. ဒေါ်ရှင်..ဒေါ်ရှင်.. ထမိန်ဇောက်ထိုး ကြီး လို့ ညွှန်ပြကြတော့..

ဒေါ်ရှင်က အေးအေးဆေးဆေးနဲ့ ကန်တော့ပွဲကို အသာချ..

အေးဟယ်..ဟုတ်ပ....ဆိုပြီး

ထမိန်ကို ဇတ်စင်ပေါ် မီးရောင်အောက်မှာပဲ.. ခဏဆိုပြီး..

အထက်အောက် ပြန်လှန်ပြီး ၀တ်လိုက်တာဗျာ..

အောက်က ပရိတ်သတ်ကသာ မနေနိုင်လို့ မျက်စိပိတ်သူက ပိတ်နဲ့..

ဒေါ်ရှင်တို့များ ဟန်မပျက်..

4 comments:

ခရေညို said...

ဟင် ဒေါ်ရှင်က အဲဒီလိုကြီး လဲလိုက်တော့ ဦးမှို ကဘာမှမပြောဘူးလား?
အေးတာအေးတာပေါ့ ဒါကတော့ ပြောသင့်တယ်လော့ ခရေညို ထင်တာပဲ
(ကိုယ့်အထင်နော်)
ဒေါ်ရှင် ထမီလဲဝတ်နေတာကိုတွေးပြီ အားရပါးရရယ်သွားပါကြောင်း
ဟားဟာဟားဟားဟာဟားဟားဟာဟားဟားဟာဟားဟားဟာဟား

မိုးမောင်(HappyCloud) said...

ပက်စက်တယ်(ရီရတာ)...
ဒါဆို ဒေါ်ရှင် ပိုဇစ်ရှင်ချိန်းတော့ ကိုမျိုးက မျက်စိဖွင့်ထားတာပေါ့နော်။ :D

နွေးနေခြည် said...

ဟားဟားး)
ဦးမှိုဘာပြောမလဲ သိချင်တယ်

Anonymous said...

ပေါ်ပြီ ...ဟားဟား.. ဒေါ်ရှင်ဟန်မပျက်ဘူးဆိုတာ သိနေပုံထောက်တော့... ကိုယ့်လူ သေချာကြည့်လိုက်တယ်နဲ့ တူတယ်... အဟေဟေ ..ဘာတွေ့လဲဟင်....