မွေးရပ်မြေအညာ သို့ အလည်လာရောက်ကြသူ မိတ်ဆွေအပေါင်း စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းဖြင့် ပြည့်စုံအောင်မြင်နိုင်ကြပါစေ..... ကိုမျိုး (အညာမြေ)...

Saturday, August 29, 2009

အောင်မောင်း

အောင်မောင်းဆိုလို့ အောင်မြင်အောင် တီးရတဲ့ မောင်း ကိုပြောတာ မဟုတ်ပါ။ လူနာမည် ဦးအောင်မောင်း ကိုပြောတာပါ။ ဒီပို့စ်မှာတော့ အောင်မောင်းလို့ပဲ သုံးပါ့မယ်။

ကျနော်တို့ ရွာက အောင်မောင်းဆိုတာ လူသန်ကြီးပေါ့။ တခုခု မနိုင်မနင်း ဖြစ်မယ့်အရာကို ရွှေ့ခိုင်းရင်.. အမလေးဗျာ.. ဒီလောက် လေးတာကြီး မပြီး ရွှေ့နိုင်ရအောင် လူများ.. အောင်မောင်း မှတ်နေ။ အဲဒီလို ပြောစမှတ်ဖြစ်အောင် အောင်မောင်း ဆိုတဲ့ သူက သန်တာ။

အောင်မောင်း တို့ဘယ်လောက်ထိ သန်သလဲဆိုရင် လူနှစ်ယောက် သူ့ရဲ့ဆန့်ထားတဲ့ လက်တဖက်စီမှာ တွဲလောင်းခိုပြီး လိုက်ရင်တောင် ဟန်မပျက် လှည့်ပြီး မ ပြနိုင်သေးတာ။ အဲဒီလောက်အထိ သန်တာ။

ဆန် တစ်တင်းခွဲ ၀င်အိတ် လေးအိတ်ကို ထပ်ထမ်းပြီး ရွာလည်လမ်းမကြီးအတိုင်း အရှေ့အနောက် နှစ်ခေါက်.. မနားဘဲ ထမ်းပြီး လောင်းကြေး စားကြေး ထမ်းပြခဲ့သေးတာ။

ရွာ၏အရှေ့ဘက်မှာ သောက်ရေတစ်တွင်း ၊ ချိုးရေတစ်တွင်း ရှိတော့ လူတိုင်းက ညနေပိုင်းဆို ရေချိုးထွက်ကြတာ။ အဲဒီ အောင်မောင်း ရှိရင်..ဟေ့ကောင် အောင်မောင်း ..မင်းနဲ့ငါနဲ့ ရေပြိုင်ပြီး ငှင်ရအောင် ဆိုရင် သူက နှစ်လှမ်း သုံးလှမ်းနဲ့တင် ရေတစ်ပုံး အပေါ်ရောက် အောင်တင်နိုင်တာ။

အဲဒီ ချိုးရေတွင်းမှာ..တနေ့တော့ အောင်မောင်း ရေချိုးနေတုန်း..သူ့ရဲ့ဘေးနားက မကြူမော်ဆိုတဲ့ အမျိုးသမီးတစ်ယောက် ကုန်းပြီး ရေငှင်နေတုန်း ခြေချော်ပြီး ရေတွင်းထဲ ကျသွားတာ..

အောင်မောင်းက တစ်ဖက်က ရေပုန်းနဲ့ ကျန်တစ်ဖက်က ရုတ်တရက် လှမ်းဆွဲလိုက်တာ..
မကြူမော်ရဲ့ ခြေထောက်တစ်ဖက်ကို မိသွားတာ.. ဘာပြောကောင်းမလဲ
မကြူမော်က ရေတွင်းထဲမှာ ဇောက်ထိုးကြီး.. ခြေတစ်ဖက်က အောင်မောင်းလက်ထဲမှာ..
ပြီးတော့ ၀တ်ထားတဲ့ ထမိန်က.. လူကဇောက်ထိုး ဖြစ်နေတာဆိုတော့ ခေါင်းဘက်ကို လန်..
ကျန်ခြေထောက်တစ်ဖက် ကလဲ ကိုးရိုးကားယား..
အောင်မောင်းကလဲ ကျသွားမှာစိုးလို့ ကျန်တစ်ဖက်ကို မလွှတ်..
ဘေးလူတွေကလဲ ၀ိုင်းကြည့်..
မကြူမော်ရဲ့ အဖြစ်ကို စာဖတ်သူ တွေးသာကြည့်ပါတော့..
ရှက်ရှက်နဲ့ မကြူမော်က အော်ပြီး ပြောတယ်..


အောင်မောင်း..အောင်မောင်း ရယ်..
ငါသေရင် သေပါစေ..
လွှတ်သာချလိုက်ပါတော့....



ပြုံးပျော်နိုင်ကြပါစေ။

9 comments:

နှင်းဟေမာ said...

မန့်လို့ ရပြီ အစ်ကို ရေ...။
ပေါ့ပေါ့ပါးပါး လေးတွေ ...ဟာသလေးတွေ ရေးတာအ၇မ်းကောင်းတယ် အစ်ကို ရေ...။
အမြဲအားပေးနေမယ်နော်...
ခင်မင်စွာဖြင့်
ညလေး နှင်း

witch83 said...

:D ရီရတယ်....btw, သူက သန်တာပဲ..အဲမြန်ဆွဲတင်လိုက်ပေါ့ ။

ရွှေပြည်သူ (ShwePyiThu) said...

မကြူမောင်အဖြစ်ကို သနားလည်း သနားမိပါရဲ့။ ကျေးလက်က မိန်းမပျိုလေးတွေက ပိုအရှက်ကြီးကြတာ သိထားတော့ ရယ်လည်း မရယ်ရက်ဘူး အစ်ကိုရေ...။ စိတ်ထဲမှာတော့ “ဆွဲတင်လိုက်ပါတော့ ကိုအောင်မောင်းရေ” လို့ပဲ အော်နေမိတော့တယ်။

မိုးမောင်(HappyCloud) said...

အေးလေ.. ကိုအောင်မောင်းကြီးက ဘာလို့ချက်ချင်းဆွဲမတင်ရတာလဲ။ မကြူမော်ကြီး အအေးပတ်ကုန်မှာပေါ့။ (ရေတွင်းက အေးတယ်လေ) :D။

မေလေး said...

ဟားဟား
ရေးတတ်လိုက်တာ။
ငိုက်နေတာတောင် ပျောက်သွားပြီ.။
ကိုအောင်မောင်းရယ် ရေပုန်းချပြီး လူဆွဲတင်ပါတော့လားး။

ကိုရင်နော်ခင်လေးငယ် said...

အောင်မောင်းခမျာ.. ဆွဲတင်ရကောင်းနိုး လွှတ်ချရကောင်းနိုးနဲ့... အဟေးဟေး.. ဒီတိုင်းသာ ထားလိုက်ပါ အောင်မောင်းရာ...း))

ပြုံးရွှင်စွာ ပေါ့ပါးသွားပါတယ်..

နွေးနေခြည် said...

ဟားဟားး)
ရီလိုက်ရတာ
မျက်လုံးထဲ ကွက်ကွက်ကွင်းကွင်းပဲ

Anonymous said...

ဟိ... ဖြစ်ပုံများ... တိုက်တိုက်ဆိုင်ဆိုင်ပါပဲဗျာ..။

Myanmar Good Knowledg Co., Ltd said...

ခလေးတောင်နိုးတယ်။ အသံထွက်ရီချမိလို.။