မွေးရပ်မြေအညာ သို့ အလည်လာရောက်ကြသူ မိတ်ဆွေအပေါင်း စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းဖြင့် ပြည့်စုံအောင်မြင်နိုင်ကြပါစေ..... ကိုမျိုး (အညာမြေ)...

Tuesday, August 4, 2009

အညာ ရေ..

အညာရေ ဆိုလို့ အညာကလူတွေ ရေရှားကြတယ်... ဖောဖောသီသီ မသုံးရဘူးလို့ ထင်ကြတယ်။ အရင်တုန်းကတော့ ဟုတ်ပါတယ်။ အခု အဲဒီလို မဟုတ်တော့။ မြေအောက်ရေ ကို လက်လှုပ်တုန်ကင် နဲ့ အိမ်ပေါက်စိ တူးထားကြတာ။ ပေါလိုက်တာမှ ဗုန်းလအော။ ကျနော် တို့ ရွာကို ပြောပါတယ်။
အရင် ကျနော် ငယ်ငယ်တုန်းက တော့ ရွာ၏ အရှေ့ဘက်တွင်ရှိသော တစ်ခုတည်းသော ရေတွင်းမှ ရေကို အားကိုးပြုပြီး သောက်ရေအဖြစ်သုံးကြပါတယ်။ ကျန်တဲ့ သုံးရေကိုတော့ မိုးရွာတဲ့အခါ ရရှိတဲ့ ကန်ရေကို သုံးကြတာပေါ့။ ကျနော် ပြောချင်တာက အဲဒီ တစ်ခုတည်းသော ရေတွင်း။ အဘိုး ကိုယ်တိုင် ဦးစီးပြီး အလှုဒါန ပြုထားတဲ့ ရေတွင်း။
  • နွေရာသီ ဆိုလျင် အေးလိုက်တာ ရေခဲရေ တမျှ။
  • ဆောင်းရာသီ ဆိုလျှင် နွေးလိုက်တာ။
  • အဲဒီလို ရာသီအလိုက် ထူးခြားတဲ့ ရေတွင်း။

နွေမိုးဆောင်း တစ်ရွာလုံးအသုံးပြု အားထားရတဲ့ရေတွင်း။

အဲ.. ရေတွင်းဆိုလို့ ၀ိုင်းဝိုင်းစက်စက် လေးလို့ မထင်လိုက်နဲ့။ ကျနော်တို့ရွာက အဲဒီရေတွင်းက မညီမညာ အ၀ိုင်းနဲ့။ အဘ ကိုယ်တိုင် တိုင်းထွာပြီး တူးထားတာ။ အလှုရှင်ဆိုတော့ ပန်းရံဆရာက သူပြောသမျှ လျှာမရှည်ဘဲ ရေထွက်ရင် ပြီးရောဆိုပြီး အလိုလိုက်ပြီး တူးပေးထားတာ။

အဲဒီရေတွင်းက ရေကို ချိုးပြီး လူတိုင်းက စိတ်လက်အမောပြေ အားအင်တိုးတယ် ဆိုပဲ။

  • ဟာ.. ဒီရေတွင်းက ရေ အမြဲချိုးလို့ ကတော့ ငါ့မိန်းမ တော့ ဗဒန်သီး သီးတော့မယ်။

ဗဒန်သီးဆိုတာ အချိန်အခါ မဟုတ် ကြားညှပ်ပြီး အပိုသီးတဲ့ အသီးကို ဆိုလိုတာပါ။

ရွာကလူတွေ အဲဒီလို အပြောကောင်းကြတာ။ ရေချိုးရတာ အဆင်ပြေ..အေးစိမ့်နေတာကို တင်စား လိုက်ကြတာက.. ရေချိုးပြီး အားအင်ပြည့်ဖြိုးနေလို့.. အိမ်ကမိန်းမတော့ ဗဒန်သီး သီးတော့မယ်ဆိုပဲ...

စာဖတ်သူရော..အဲဒီရေတွင်းက ရေ.. မချိုးချင်ကြဘူးလား။

2 comments:

ကိုရင်နော်ခင်လေးငယ် said...

ဒီပိုစ့်လေးဖတ်ပြီး ပြုံးမိပြန်တယ်..

ခင်မင်လေးစားချစ်ခြင်းအားဖြင့်

နွေးနေခြည် said...

ဘာလို့ အဲလိုပြောတာလဲ နားမလည်ဘူးး)