မွေးရပ်မြေအညာ သို့ အလည်လာရောက်ကြသူ မိတ်ဆွေအပေါင်း စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းဖြင့် ပြည့်စုံအောင်မြင်နိုင်ကြပါစေ..... ကိုမျိုး (အညာမြေ)...

Friday, July 24, 2009

မင်းသား ဖြစ်ရပုံ

ကျနော် ဒီနှစ် သင်္ကြန်မှာ ရွာပြန်တော့ အရင်ကျနော် ငယ်ငယ်တုန်းက သင်္ကြန်နဲ့ အများကြီး ကွာနေပြီ ဆိုတာ သတိထားလိုက်မိတယ်..အခုအနေအထား ဆိုရင် လူငယ်တွေ အတော်ကို ပျော်စရာကောင်းအောင် စီမံထားကြတယ်..ရန်ကုန် သင်္ကြန်ကို ပြောတာမဟုတ်ဘူးနော်..ကျနော်တို့ ရွာက သင်္ကြန်ကိုပြောတာ.. သိခဲ့ရသလောက်ဆိုရင် ဘယ်သူမှ မြို့ကိုသွားပြီး မပျော်ကြတော့ဘူး။ သူတို့အဆိုအရ ရွာမှာ ရေကစားရတာက ပိုပြီး ပျော်ဘို့ကောင်းတယ်လို့ ဆိုတယ်..ဟုတ်လဲ ဟုတ်ပေသားပဲ။ ကျနော် လဲ တော်တော် ပျော်ခဲ့တယ်..
ရန်ကုန်မှာ ဆိုရင်တော့ ဘီယာတွေ ဘာတွေ နဲ့ နဲနဲပါးပါး ပျော်လို့ကောင်းအောင် သောက်ပြီး ပျော်ကြမှာ။ အဲ..ရွာမှာကျတော့ ထန်းရည်လေးနဲ့ပေါ့။ ထန်းရည်ကလဲ ရွာမှာ ပေါမှပေါ။ အမြည်းကလဲ စိတ်ကြိုက်။ လယ်ကြွက်ကင် လေးနဲ့။ တမာပင်ရိပ်မှာ အညာသားစည်းစိမ် ခံရင်းပေါ့။
ကျနော်လဲ မနက်ပိုင်းရေကစား ပြီးပြီဆို အမေမသိအောင် တမာပင်ရိပ်ကို ပြေးတော့တာပဲ။ နိုင်ငံခြားမှာနေသူ အတွက်ဆိုပြီး ကျနော့ ဦးလေးက စပယ်ရှယ် ထန်းရည်နဲ့ လယ်ကြွက်နဲ့။
  • မောင်မျိုး ..သောက်သောက်
  • ၀ယ်သူက များနေတော့ နောက်ကြလို့ အရနည်းသွားတယ်..
  • ဟာ..ဦးလေးကလဲ ကိုယ့်တူ လေး ၂ နှစ်နေမှ တခေါက်လောက် ရောက်တာ..စောစောစီးစီး သွားယူထားလိုက် ပြီးရော.. မသောက်ရသေးဘူး ငမူး လေသံနဲ့ ပြောလိုက်တော့..
  • အေး အေး မနက်ဖန်ကြရင် ငါစောစော သွားလိုက်မယ်..

နောက်နေ့ နေ့လည်လဲ အဲဒီလိုပဲ တမာပင်ရိပ်ကို ပြေးတော့တာပဲ..ဦးလေး က..ဒီနေ့ ထန်းရည်တော့ မရခဲ့ဘူး.. ဒါပေမယ့် ငါတော့ မင်းသား ဖြစ်ခဲ့တယ်တဲ့..

ဘယ်လိုဖြစ်တာလဲ ပြောပါအုံး ဆိုတော့..

  • ဒီလိုကွ မနက်က အစောကြီး ထန်းတောကိုရောက်တော့ ထန်းတက်တဲ့ မောင်ပို က ပြောတယ်..
  • ထန်းရည်ဝယ်မလို့ ဟုတ်တယ်...ဟင်..လူ့ နဲ့ ချောကွယ်..ဒီလောက် အစောကြီး လာလို့ ထန်းရည်ရနေအုံးမယ် တဲ့..
  • အဲဒါနဲ့ ငါလဲ တောဘက် ခဏသွားပြီး ပြန်လာပြီး မေးတော့..
  • ဟင်.. လူ့နဲ့ လှကွယ်.. ဒီလောက် နောက်ကျမှ လာလို့ ထန်းရည်ရနေအုံးမယ်.. လူ့ နဲ့ချောကွယ်..ရနေအုံးမယ် အားကြီးကြီး.... တဲ့

  • အဲဒါကြောင့် ပြောတာ..
  • ထန်းရည်တော့ မရခဲ့ပါဘူးကွာ.. လူတော့ မင်းသားဖြစ်ပြီး ပြန်လာခဲ့ရတယ် လို့.. :) :)

တော်တော်လဲ အပြောကောင်းတဲ့ ဦးလေး..

1 comment:

နွေးနေခြည် said...

ဟဟားးးဟားး
ပြုံးမိတယ်