မွေးရပ်မြေအညာ သို့ အလည်လာရောက်ကြသူ မိတ်ဆွေအပေါင်း စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းဖြင့် ပြည့်စုံအောင်မြင်နိုင်ကြပါစေ..... ကိုမျိုး (အညာမြေ)...

Thursday, July 16, 2009

ဘော်လုံးကွင်း ဦးရွှေ

ကျနော် တို့ရွာမှာ အသက်ကြီးသူတွေက အသက်ငယ်သူတွေကို ချစ်ခင်သလို.. ငယ်သူတွေကလည်း ကြီးသူတွေကို လေးစားကြပါတယ်.. လူကြီးတွေက လူငယ်တွေ အကြောင်း ဟာသနှောကာ ပြောတတ်သလို လူငယ်တွေကလည်း လူကြီးတွေရဲ့ အဖြစ်အပျက်ကို ဟာသနှောကာ ပြောလေ့ရှိကြပါတယ်.. ဥပမာ လူကြီးတစ်ယောက် အသက်အရွယ်ကြောင့် ဆံပင် ဖြူနေတာကို.. ဟို.. လူကြီးလေကွာ.. ဟိုလူကြီး.. ခေါင်းပေါ်မှာ ဦးထုပ်အဖြူကြီး အမြဲတမ်းဆောင်းတဲ့ သူ.. အဲဒီလို အခိုင်းအနှိုင်းလေးနဲ့ ပြောတတ်ကြပါတယ်...
ရွာမှာ ဦးရွှေ နဲ့ ဒေါ်လုံးဆိုတာ ကျနော်တို့ ငယ်ငယ်တုန်းက အကြော်ဆိုင်ဖွင့်ပြီး မနက်တိုင်း ရောင်းပါတယ်.. အားလုံးက ဒေါ်လုံးကို အမေလုံး..အမေလုံး နဲ့ ခေါ်ကြတာကို.. ဦးရွှေက..ဘာပြောသလဲဆိုတော့..
  • မိလုံးကျတော့ အမေလုံး..အမေလုံး နဲ့
    ငါ့ကျတော့..ဘယ်သူကမှ အဖေရွှေ လို့ မခေါ်ကြဘူး ဆိုပြီး ပြောတယ်..
    အဲဒါကို လူငယ်တွေက.. ဦးရွှေ ထိပ်ပြောင်နေတာကို ရည်ညွှန်းပြီး
    သန်းဘော်လုံးကွင်းကြီး နဲ့ ဦးရွှေ့လို့ တင်စားခေါ်ကြပါရော... :)

ထိပ်ပြောင်နေတာကိုများ..ဒီရွာကလူတွေ ပြောလိုက်ကြပုံက.. သန်းတွေအတွက် ဘောလုံးကွင်းတဲ့ ဗျာ..

အဲဒီလိုနဲ့ ဦးရွှေလဲ ဒီနေ့အချိန်အထိ.. ဘော်လုံးကွင်း ဦးရွှေ ဖြစ်သွားရော... :) :)

1 comment:

နွေးနေခြည် said...

ဟဟး)
ဟာသလေးတွေ ကောင်းတယ်