မွေးရပ်မြေအညာ သို့ အလည်လာရောက်ကြသူ မိတ်ဆွေအပေါင်း စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းဖြင့် ပြည့်စုံအောင်မြင်နိုင်ကြပါစေ..... ကိုမျိုး (အညာမြေ)...

Thursday, July 16, 2009

အစားကြီးသော ကိုမောင်မြင့်

ကျနော်တို့ရွာမှာ နှစ်စဉ် ဘုရားပွဲ သုံးပွဲ အကြီးအကျယ် ပြုလုပ်ပါတယ်။ ဘုရားပွဲ မတိုင်မီ ကတည်းက နာမည်ကြီးဆရာတော်ကြီးများ ရဲ့ တရားပွဲများ၊ ပြီးတော့ ဘုရားပွဲညမှာ ဇတ်ပွဲများဖြင့် အလွန်စည်ကားသော ရွာဖြစ်ပါသည်။ နီးစပ်ရာ ရွာများမှ လှည်းနှင့်တတန်..ခြေလျင်တဖုံ ဖြင့် လာရောက်သော ခင်မင်ရာ ဧည့်သည်များအား မိမိ ရပ်ရွာ ဓလေ့အလိုက် ကျွေးမွေးဧည့်ခံ ကြပါသည်။ မိမိနှင့် သိသိ မသိသိ ထိုဘုရားပွဲ ရက်များတွင် မြင်မြင်ရာ ဧည့်သည်များကို ထမင်းစားကြွပါခင်ဗျာ.. ရေနွေးလေး သုံးဆောင်ပါအုံး ရှင်..ဖြင့် အပြိုင်အဆိုင် ဧည့်ခံကြရသည်မှာလဲ အမော...
ထိုသို့ ဧည့်ခံရင်း.. မိမိ နှင့် ဆွေမျိုးတမျှ ရင်းနှီးသော သူများကိုလည်း ရင်းနှီးသလောက် တစ်တစ်ခွခွ ပြောခဲ့တာလေး ကို ဖောက်သည်ချ ချင်ပါတယ်.. တခြားရွာမှ ကိုမောင်မြင့် ဆိုတာ.. အစားအသောက် အလွန်ကြီးသူ အဖြစ် လူတိုင်းနီးပါး သိကြပါတယ်.. ကိုမောင်မြင့် လာမယ်ဆိုရင် ထမင်း ပိုချက်ထားအုံးမှ.. ဟင်းပိုချက်ထားအုံးမှ.. အဲဒီလို..နာမည်ကြီးတာ..
ကိုမောင်မြင့်ကလဲ ခပ်နောက်နောက်ရယ်..
ပော့ကောင် မောင်မြင့်..မင်းထမင်းစားရင် ဘယ်အတိုင်းအတာထိ ဆို ၀ပြီးလဲ..ဟိုကွာ..ပါးစပ်ထဲကို လက်ညှိုးထောက်ကြည့်..ထိရင် ၀ပါပြီတဲ့...
  • အဲဒီ ကိုမောင်မြင့်..သူရဲ့မိတ်ဆွေ ကိုလှအေး အိမ်မှာ ဘုရားပွဲလာရင်း ထမင်းစားတော့.. ကိုလှအေး ချက်ထားသမျှ..ထမင်း နှင့် ဟင်းများ ကုန်လုနီးပါး စားသောက်ပြီး..
    ဟေ့ မောင်လှ ..ငှက်ပျောသီး ရှိရင် ချကျွေးအုံး လေကွာ..
    ဟေ့ မောင်လှ.. ဘုရားပွဲ မုန့်ဆီကြော်လေး ချကျွေးအုံး လေကွာ..နဲ့ ရှိသမျှ အားရပါးရ စားအပြီး..
    ကိုမောင်လှ ပြောလိုက်ပုံက..
  • ဟေ့ကောင် မောင်မြင့်.. မင်းကို လူအရင်းမိတ်ဆွေ မို့လို့ ပြောရအုံးမယ်..
    မင်း စားပုံ သောက်ပုံ မျိုးနဲ့ဆို.. သဘက်ခါ အထိ ထမင်းစာမှာ မဟုတ်ဘူး... တဲ့.. :)

မောင်လှ..မင်းကသာ ပြောနေ ငါက စားရတာ မ၀သေးလို့..ထမင်းလေး နဲနဲ လောက်ထပ်ကျွေးအုံးဗျ.. ဟိုကွာ ဒိုးလောက်အလုံး ကလေး..

  • မင်းဒိုးလောက်က..ဘယ်ဒိုးကိုပြောတာလဲ..လှိမ့်တဲ့ဒိုးကြီးလား..
  • အဲဒီအခါ ကိုမောင်မြင့် ပြန်ပြောလိုက်ပုံက..
  • အဲဒီဒိုးကို ငါပြောတာမဟုတ်ပါဘူးကွာ..ပတ်မကြီးနားက ဒိုးကို ပြောတာပါတဲ့... :) :)

No comments: