မွေးရပ်မြေအညာ သို့ အလည်လာရောက်ကြသူ မိတ်ဆွေအပေါင်း စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းဖြင့် ပြည့်စုံအောင်မြင်နိုင်ကြပါစေ..... ကိုမျိုး (အညာမြေ)...

Thursday, July 16, 2009

နှိုင်းလိုက်ပုံက

ကျနော်တို့ ရွာသူရွာသားတွေ နွေရာသီ ရောက်ပြီဆိုလျှင် အလုပ်ကလဲ ထွေထွေထူးထူး လုပ်စရာမရှိ။ အေးအေးချမ်းချမ်းနဲ့ နေလိုက်ကြတာ နှစ်စဉ်ပါပဲ။ မိမိဝါသနာပါရာကို နွေရာသီ အားလပ်ရက်မှာ လုပ်လေ့ရှိကြပါတယ်။ မိန်းကလေး အများစုဆိုရင် ကျောင်းပိတ်ရက် နွေရာသီမှာ စက်ချုပ်သင်တန်း တက်မယ်၊ (ရွာက စက်ချုပ်တတ်သူ တစ်ယောက်စီမှာ ပညာသင်တာကို ဆိုလိုတာပါ)၊ ကျူရှင်တက်မယ်..

အဲ တစ်ချို့လူကြီး တွေကြတော့လဲ အပျင်းပြေ အညာတမာပင်အောက်မှာ မိသားစု ဖဲဝိုင်းလေး လုပ်လိုက်ရမှ။ ကလေးတွေတော့ အနားတောင် မကပ်ရဲပါဘူး၊ လူကြီးတွေ..အမျိုးသားရော..အမျိုးသမီးရောပေါ့။ ယောကျာင်္းလုပ်သူက ၀ိုင်းထိုင် ရင်..မိန်းမလုပ်သူက ဘေးပေါက်ထိုး။ အဲဒီလို အပျော်သဘောမျိုးလောက်ပါ။
တစ်နေ့တော့ ကျနော့တို့ ရွာက လက်သမားဆရာကြီးလည်း အပျင်းပြေ အဲဒီ ၀ိုင်းကို ၀င်ပြီး ဖဲရိုက်ပါတယ်.. ဆူဆူညံညံနဲ့ ယောကျာင်္းလုပ်သူများ က အော်လိုက်..မိန်းမအများစုက ၀ိုင်းပြီး ထိုင်နေတဲ့ ယောကျာင်္းတွေ ဦးခေါင်းပေါ်က ကုန်းကုန်းပြီး ဘေးပေါက်လိုက်..အဲဒီလို ဖြစ်နေတာကို လက်သမားဆရာကြီး ပြောလိုက်ပုံက
ဒီနေ့ဖဲရိုက်ရတာ.. ပျော်တော့ ပျော်ပါရဲ့..

  • ဒါပေမယ့် ဗူးပင်အောက်ထိုင်ပြီး ရိုက်နေရသလို ပါပဲတဲ့.... :)
အဲဒါကို နောက်တစ်ယောက်က..
  • လက်သမားဆရာကြီးပြောလိုက်တာ မျက်စိထဲကို.. အ၀တ်မပါဘဲ ရေချိုးနေသလိုပါပဲ တဲ့..
ကွက်ကွက်ကွင်းကွင်း မြင်ယောင်မိတာကို ဆိုလိုလိုက်တာပါ....

2 comments:

မိုးမောင်(HappyCloud) said...

သြော်.. ဗူးသီးတွေ တ၀ုန်းဝုန်းနဲ့ မျက်စိထဲ မြင်ယောင်မိတယ် နောင်ကြီးရယ်.. :D

နွေးနေခြည် said...

ဒီပိုစ့်လေးနဲ့စခဲ့တယ်ထင်တယ်။
ဒီနေ့အထိ ရေးထားသမျှ အကုန်ဖတ်ပြီးသွားပါပြီ။ ဒီပိုစ့်လေးကနောက်ဆုံး ဖတ်မိတာပါ။
အရေးအသား ဇာတ်လမ်းဇတ်ကွက်နဲ့ ဟာသနှောတာလေးတွေ အရမ်းကို ဖတ်လို့ကောင်းပါတယ်။ ရှေ့ဆက်ပြီးတော့ ပျော်ရွှင်စွာ ဘလော့ဂင်းနိုင်ပါစေရှင်...
အညာအကြောင်းလေးတွေက ဗဟုသုတလည်းရပါတယ်။ အညာသားတွေ စကားတတ်တာလည်း ယုံပါပြီး)