မွေးရပ်မြေအညာ သို့ အလည်လာရောက်ကြသူ မိတ်ဆွေအပေါင်း စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းဖြင့် ပြည့်စုံအောင်မြင်နိုင်ကြပါစေ..... ကိုမျိုး (အညာမြေ)...

Friday, July 17, 2009

အကို ကြည်ခင်

အကို ကြည်ခင် ဆိုလို့ ဘယ်သူကို့များ ခေါ်တာပါလိမ့်လို့ စာဖတ်သူ တွေးနေရောပေါ့။ အဖြစ်က ဒီလို။ ကျနော် တို့ရွာမှာ ကိုကြည်ခင် ဆိုရင် မသိသူမရှိ။ ဘာဖြစ်လို့လဲ ဆိုတော့ ကိုကြည်ခင် က ဘော်လုံးကန် ရာမှာ ၀ါသနာပါပြီး ကစားရာတွင်လည်း ကျွမ်းကျင်လှသောကြောင့်ဖြစ်ပါသည်။ ကိုကြည်ခင် ပါဝင်ပြီး ကန်ရင် တစ်ရွာလုံး ကလေး လူကြီးမရွေး အားပေးကြတယ်။ တစ်ခါတော့ မြင်းမူမြို့နယ် ဖလား.. ကျနော်တို့ ရွာက ဘောလုံးအသင်း ပါဝင်ယှဉ်ပြိုင်ပါတယ်.. ကိုကြည်ခင်က အသင်းခေါင်းဆောင်ပေါ့။ အုပ်စုပတ်လည် ကန်လာလိုက်ကြတာ.. ဖိုင်နယ်ပွဲ အထိပါပဲ။ အဲဒီ ဖိုင်နယ်ပွဲမှာ ကိုကြည်ခင် ခေါင်းဆောင်တဲ့ ကျနော်တို့ရွာ အသင်းနဲ့ တစ်ဘက်ရွာက အသင်းကစားပါတယ်။
ဒုတိယပိုင်း အထိ တစ်ဖက် တစ်ဂိုးစီ သရေကျနေတော့ နှစ်ဘက်အသင်းသားတွေ အားပေးလိုက်ကြတာ ဆူဆူညံညံပေါ့။ ကိုကြည်ခင် ဘောလုံးဆွဲလာရင်...

ကိုကြည်.. ကိုကြည်.. ဆွဲဆွဲ..
ကိုကြည်..ကိုကြည်..ကန်ကန်..
အဲဒီလိုအားရပါးရ အားပေးတာ..
တစ်ခါတော့ ကိုကြည်ခင်လဲ ..ဘောလုံးကို ဆွဲလာလိုက်တာ ဂိုးသမားနဲ့ နှစ်ယောက်ထဲ ထိပ်တိုက်တွေ့နေတုန်း..
ကိုကြည် ကွ..ကိုကြည်..
အကိုကြည် ကွ..အကိုကြည်...
အဲဒီလို အားပေးနေတုန်း.. သူတို့အားပေးနေတဲ့ အကိုကြည်က ကန်လိုက်တာ..ဂိုးသမားမရှိတဲ့ ဂိုးပေါက်ကို လွဲသွားပါရော... အဲဒီအခါ အားပေးနေတဲ့ ကျနော်တို့ရွာသားတွေက.. အကိုကြည်ကို...အားမရဖြစ်ပြီး
အားပေးလိုက်ကြတာက...


မသာကြည်ခင်.. တဲ့... :) :)

နိုင်လိုဇောနဲ့ အားပေးကြတာမို့.. ဘယ်သူကမှ စိတ်မဆိုးကြတဲ့အပြင်..ကိုကြည်ခင် ရွာပြန်ရောက်တဲ့ အခါ..အာလုံးက ပြုံးစိစိနဲ့..

No comments: