မွေးရပ်မြေအညာ သို့ အလည်လာရောက်ကြသူ မိတ်ဆွေအပေါင်း စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းဖြင့် ပြည့်စုံအောင်မြင်နိုင်ကြပါစေ..... ကိုမျိုး (အညာမြေ)...

Friday, July 17, 2009

ပြုံးတော်မူ ဘုရား

ကျနော်တို့ရွာ တောင်ဘက်မှာ ရှေးဟောင်းဘုရား တစ်ဆူရှိပါတယ်။ တစ်ရွာလုံးက ယုံကြည်အားထား ကိုးကွယ် ကြတဲ့ ဘုရား။ အရင်တုန်းကတော့ ရွာထဲမှ အသက်ကြီးကြီး အဘိုး အဘွားတွေလောက်ပဲ ဘုရားဝတ်ပြု ပုထီးစိပ် ကြတာ တွေ့ရတာပါ။ အခုတော့ လူကြီး လူငယ် အားလုံး အဲဒီဘုရားကို နေ့စဉ် ဆွမ်းကပ်၊ ဆီမီးထွန်း၊ အပြင် ဘုရားပွဲကိုလည်း နှစ်စဉ် အကြီးအကျယ် ပြုလုပ်ကြ၊ ကုသိုလ်ယူကြပါတယ်။
ထိုသို့ ဘုရားအား နေ့စဉ်ကုသိုလ်ပြုသူများဖြင့် စည်ကားနေသည်မှာ အကြောင်းရှိပါသည်။ တစ်နေ့ ဘုရားဂေါပက လူကြီး ဦးထွန်းမြိုင် ပုထီးစိပ်နေတုန်း ဘုရားဆင်းထုတော်မှ ပြုံးပြသည်ဟု ထင်ပြီး တစ်ရွာလုံးအား သတင်းဝေမျှပါတော့သည်။ လူကြီးလူငယ် သွားရောက်ဖူးမျှော်ကြရင်း ဘုရားပြုံးတာကို မြင်တယ်ပြောတဲ့သူလဲရှိ။ မမြင်ဘူးပြောတဲ့သူလဲရှိပေါ့။
အဲဒါကို ကိုတော ဆိုတဲ့သူက..
  • ဦးထွန်းမြိုင်..ကျုပ်လဲ ဘုရားလူကြီး လုပ်မယ်ဗျာ..
  • ထိုအခါ ဦးထွန်းမြိုင်က..ဘုရားလူကြီးလုပ်တာ လွယ်တယ်များမှတ်လား... စွန့်စွန့်စားစား လုပ်မှ ရတာ..
  • ဘယ်လိုများ စွန့်စားရတာလဲ ဦးထွန်း ရဲ့..
  • တခြားမဟုတ်ပါဘူးကွာ..ဘုရားဆွမ်းတော်တင်ထားတာကို စွန့်တာနဲ့ တခါတည်း စားတာကို ပြောတာပါတဲ့..
ကိုတော ကလဲ ဘုရားဝတ်ပြုပြီး ရွာထဲပြန်ပြီး ဘုရားပြုံးတော်မူတာ ဟုတ်တယ်.. သူကိုယ်တိုင် မြင်ခဲ့ရတယ် ဆိုပြီး သတင်းလွှင့်ပါတယ်..သူပြောတာက တစ်မျိုးလေး.. ကိုတောပြောပုံ ကဒီလို...
  • ကိုတော ဘုရားဝတ်ပြုဘို့ ဘုရားမျက်နှာတော်ကို ဖူးလိုက်တော့..ဘုရားက မျက်နှာလွှဲသွားတယ်တဲ့..
  • ကိုတော လဲ ဘယ်လိုဖြစ်တာပါလိမ့်ဆို စဉ်းစားရင်း..
  • အရှင်ဘုရား တပည့်တော် ဦးထွန်းမြိုင် မဟုတ်ပါဘူး ဘုရား
  • ငတော ပါဘုရား လို့ ပြန်လျောက်လိုက်တော့မှ..
  • ဘုရားက မျက်နှာပြန်လှည့်ပြီး ပြုံးတော်မူတာကို မြင်ခဲ့ရတာပါတဲ့...
တော်တော်လဲ အပြောကောင်းတဲ့သူတွေ..
အဲဒီလိုနဲ့ ဘုရားမှာ ဆွမ်းကပ်သူ..ရေချမ်းကပ်သူ..၀တ်ပြုသူ..ဆုတောင်းသူ..အလှူအတန်းပြုသူတွေ အချိန်မလပ် ရှိနေခဲ့တာပါ..
အဲဒီတော့ ကိုတော လဲ ဘုရားကို မှတ်ချက်ချလိုက်တယ်..
  • တော်တော်လေးကို အိုဇာတာ ကောင်းတဲ့ ဘုရား တဲ့ဗျာ..
ဒီရွာသားတွေ ပြောလိုက်မှဖြင့်..ဘုရားကိုတောင် အိုဇာတာ ကောင်းတယ်တဲ့... :) :)

4 comments:

မယ့်ကိုး said...

ရေးတတ်တယ်နော်။ ရယ်ရတယ်။ :D

မိုးမောင်(HappyCloud) said...

ကိုတော ရိုက်ချက် မိုက်သဗျာ ဟား ဟား။

နွေးနေခြည် said...

ဥာဏ်ကောင်းလိုက်တဲ့ ကိုတေား)

Myanmar Good Knowledg Co., Ltd said...

ဘာလို.များ ဒီလိုဥာဏ်ကောင်းပြီး၊ ဘာလို.များ ဒီလို အပြောကောင်းပါလိမ့်နော်။