မွေးရပ်မြေအညာ သို့ အလည်လာရောက်ကြသူ မိတ်ဆွေအပေါင်း စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းဖြင့် ပြည့်စုံအောင်မြင်နိုင်ကြပါစေ..... ကိုမျိုး (အညာမြေ)...

Wednesday, July 22, 2009

ဦးခင်ဗွက်

ကျနော် ငယ်ငယ်တုန်းက ရွာမှာ ကားပိုင်ရှင် ဦးတို: နဲ့ ဇနီး မချပ် ဆိုပြီး ရှိပါတယ်.. အဲဒီတုန်းကတော့ ကားပိုင်ရှင် သူဌေးဆိုလို့ သူတို့လင်မယားပဲ ရှိတာပေါ့။ အခုတော့ ကားပိုင်ရှင်တွေ အများကြီး ဖြစ်နေပါပြီ။
ကျနော်တို့ရွာနဲ့ မြင်းမူမြို့ကို မနက်ခင်းဈေးအမီ ရွာမှ မချပ်ကား နေ့စဉ်ထွက်ပါတယ်။ တရွာလုံးက ဘာလုပ်လုပ် မချပ်..မချပ် နဲ့ ပြောကြတယ်.. ဦးတို: အလှူပေးပြီဆိုလဲ တရွာလုံးက မချပ်အလှူလို့ နာမည်တပ်ကြတယ်.. အခု ကားကိုပဲ ကြည့်ပါလား..မချပ်ကား တဲ့။ အဲဒီလို သူတို့ဇနီးမောင်နှံ ဘာလုပ်လုပ် မချပ်နာမည်ပဲ ထွက်တယ်.. ဦးတို:လုပ်တယ်လို့ ဘယ်သူကမှ နာမည်မတတ်ဘူး.. ဦးတို: ရဲ့ ကားလို့ ဘယ်သူကမှ နာမည်မတတ်ဘူး..
  • မချပ်ကား.. မချပ်ဆီစက်.. မချပ်အိမ်..
    မချပ်အလှူ.. မချပ်ရေစက်..
    အားလုံးမကြုပ်နာမည်ပဲ ထွက်တယ်.. ဘယ်လောက်ထိ မကြုပ်နာမည် ထွက်လဲ ဆိုရင်.. ဦးတို: ကိုခေါ်ကြတာက အစ ဦးတိုး လို့မခေါ်ဘဲ .. မချပ် ယောကျာင်္း တဲ့..
  • အဲ..တစ်ခုတော့ ဦးတိုးနာမည် ထွက်တာ ရှိတယ်..
    သူ့သား မောင်ခင်ဦး မူးပြီး လမ်းမှာ လဲနေရင်.. ဦးတိုး သား မူလဲနေတယ်..
    ဦးတိုး သား အရက်ဆိုင်မှာ..
    ဦးတိုး သား ရန်ဖြစ်လို့တဲ့..
  • အဲဒီလို အဆိုး တွေဆို ဦးတိုး နာမည်ထွက်လာရော..
    သူတို့အိမ်နားက လမ်းမှာ ကားအ၀င် အထွက်ကြောင့် လမ်းပျက်ပြီး ဗွက်ထ နေတာကို.. ရွာက လူတွေက..
    နာမည်တပ်လိုက်ကြတာ..
  • ဦးတိုး ဗွက် တဲ့..

အဲဒါကို ဦးတိုး က ..ဘယ်နှယ့်ကွာ..ကားကြတော့ မချပ်ကား တဲ့

ဗွက်ကြတော့ ဦးတိုးဗွက် တဲ့

မဖို့ဘူးကွာ..

2 comments:

မယ့်ကိုး said...

:) ...အဲဒီလိုမျိုး အဘွားခဏခဏပြောဖူးတာ သတိရတယ်။ ပြန်ဖတ်တော့လည်း ပြုံးမိတယ်။

နွေးနေခြည် said...

အဲဒါမျိုးကြားဖူးတယ်း)