မွေးရပ်မြေအညာ သို့ အလည်လာရောက်ကြသူ မိတ်ဆွေအပေါင်း စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းဖြင့် ပြည့်စုံအောင်မြင်နိုင်ကြပါစေ..... ကိုမျိုး (အညာမြေ)...

Sunday, October 18, 2009

လူတစ်ယောက် သေနတ်တစ်လက် အသည်းတစ်ခု

လူတစ်ယောက်.. ဖိုးစံ။
သေနတ်တစ်လက်... ကျည်အပြည့်နဲ့ ခြောက်လုံးပြုး။
အသည်းတစ်ခု... အကြွေးဆပ်ဖို့ စောင့်နေတဲ့ အသည်းတစ်ခု။

ဖိုးစံ..
မင်း ငါ့ရှေ့ကနေ ပြေးစမ်းကွာ။ ငါ က တစ် နှစ် သုံး..ဆို ပြေး။ အခု ဖြောင့်နေတဲ့ လမ်းအတိုင်း ပြေး။ သုံး အထိ ရေတွက်ပြီးရင် ငါ့စိတ်ထဲ မှာ ၂၀ အထိ ရေတွက်မယ်.. ၂၀ ရောက်ရင် ငါ့ သေနတ်ထဲက ကျည်ဆံ တွေ ထွက်လာပြီ မှတ်။
တစ်
နှစ်
သုံး... ပြေးပေတော့ ဖိုးစံ။
လေး..ငါး..
တစ်ဆယ်...
ဆယ့်ငါး...

ဆယ့်ကိုး..

နှစ်ဆယ်..

ဒိုင်း...

အား....
အား....

ဖိုးစံ..ဖိုးစံ...ဖိုးစံ...
ဟင်..အင်...အင်..အင်...

အာ..မင်း အိပ်မက်တွေ မက်ပြန်ပြီ ထင်တယ်... ရေလေးသောက်ပြီး ပြန်အိပ်လိုက်ကွာ။ မင်း ရဲ့ အတိတ်က အဖြစ်တွေ.. အချစ်တွေကို မေ့ပစ်လိုက်ပါကွာ..အခုလဲ မင်း လုပ်ချင်တဲ့ သစ္စာမရှိတဲ့ သူတွေ.. ဇနီးမယားတွေ အပေါ်မှာ သစ္စာမဲ့တဲ့သူတွေ... ချစ်သူတွေ အပေါ်မှာ သစ္စာမဲ့တဲ့ သူတွေကို ရှာဖွေပြီး အပြစ်ပေးနေရတာ မင်းကျေနပ်ရောပေါ့.. အခုဆိုရင် မင်း သေနတ်ထဲမှာ နောက်ဆုံး ကျန်နေတဲ့ ကျည်တစ်ထောင့် အတွက် မင်း အားမွေး ရအုံးမယ်လေကွာ။ ပြီးတော့ မင်း အလိုချင်ဆုံး မင်းအသတ်ချင်ဆုံး သူတစ်ယောက်ကို မင်း ရှာရအုံးမယ်လေကွာ။
လက်ကျန် ကျည်တစ်ထောင့် အတွက် အားမွေးထား ဖိုးစံ။
လက်ကျန် ကျည်တစ်ထောင့်အတွက် စာနာစိတ်တွေ ခဏ မေ့ထား ဖိုးစံ။
လက်ကျန် ကျည်တစ်ထောင့်အတွက် အချစ်တွေ ခဏ မေ့ထား ဖိုးစံ။
လက်ကျန် ကျည်တစ်ထောင့်အတွက် အကြွေးဆပ်ချင်နေတဲ့ မင်း အသည်းတစ်ခု ကို အားပေးထား ဖိုးစံ။
......................................................................................
ဟုတ်တယ်..ငါ အားတင်းထားရမယ်။ ငါ ရက်ရက်စက်စက် အပြစ်ပေးခဲ့တဲ့ သစ္စာမဲ့တဲ့ သူတွေ အတွက် ငါ နောင်တမရဘူး။ ငါ့ သေနတ် ထဲမှာ ရှိနေတဲ့ ခြောက်ခုမြောက် နောက်ဆုံး ကျည်ဆံတစ်ခု ဟာ မင်း အတွက် ဖြစ်စေရမယ် လမင်းစန္ဒာ.. မင်းရှိတဲ့ နေရာကို ငါ အရောက်လာနေပြီ စန္စာ.. မင်း ရဲ့ ပြေးနေတဲ့ ခြေဖ၀ါး တစ်စုံကို မြေသားခုံပေါ်မှာ ရပ်လိုက်ပါ စန္ဒာ။
...................................................................................
ရပ်လိုက်ပါ ရပ်လိုက်ပါ နဲ့ ကပ်လိုက်သွားလို့ မရဘူး ဖိုးစံ..
ဘာပြောတယ် ကွ..
ဟုတ်တယ် ဖိုးစံ... မင်း ရဲ့ လမင်းစန္ဒာ အခု စင်ကာပူမှာ ရောက်နေတယ်..
ဘယ်လို..
ဟုတ်တယ် ဖိုးစံ... မင်း ရဲ့ လမင်းစန္ဒာ အခု စင်ကာပူမှာ ရောက်နေတယ်..
သူ အိမ်ထောင် ကျနေပြီလား..
မကျသေးဘူးကွ.. အဲဒီမှာလဲ ယောင်္ကျားတွေနဲ့ ရှုပ်နေတယ်လို့ ကြားတယ်..
တွေ့ကျသေးတာပေါ့ စန္ဒာ ရယ်.. ပြေး နှင့်အုံးပေါ့... ငါ လာပြီ ဟေ့.. ငါလာပြီ။
သတိထား ဖိုးစံ..သတိထား.. စင်ကာပူမှာ သေနတ်သယ်ယူဖို့ မဖြစ်နိုင်ဘူး ဖိုးစံ..
ငါ့ အသည်းထဲမှာ စူးနစ်နေတဲ့ ကျည်တစ်ထောင့် ရှိပါသေးတယ်ကွာ..
အေးပါကွာ သတိပေးတာပါ.. တော်နေ..စွန်ရဲ အသိုက်ကို စာသူငယ် ၀င်ထိုး သလို ဖြစ်နေမယ် ဖိုးစံ..
..............................................................................
စွန်ရဲ အသိုက်ကို စာသူငယ် ၀င်ထိုး သလို ဖြစ်နေမယ် ဟုတ်လား။ ဘယ်တော့မှ မဖြစ်စေရဘူး။ ငါ ဖိုးစံ ပါကွ။ ငါ့ ရဲ့ အပြစ်မဲ့ နှလုံးသား တစ်ခုကို ရက်ရက်စက်စက် နင်းချေ ခဲ့တာ ငါ ဒီနေ့အထိ မမေ့ဘူး စန္ဒာ။ အတိတ်က အကြောင်းတွေကလဲ ရင်ထဲမှာ တနုတ်နုတ် နဲ့ပါ..
မှတ်မိတတ်မယ် ဆိုရင် မင်း မှတ်မိအုံးမှာပါ စန္ဒာ။
ဖိုးစံ.. နင့်ကို ငါ မချစ်ဘူး။
ဖိုးစံ..နင့်ကို ငါ စိတ်ကစားတုန်းမို့ ချစ်တယ်လို့ အဖြေပေးခဲ့တာ..
ဖိုးစံ.. နင့်ကို ငါယူရင် ငါ ခွေးဖြစ်မှာ ဖိုးစံ။ အလုပ်မရှိ အကိုင်မရှိ နဲ့ ငါ ခွေးဖြစ်မှာ ဖိုးစံ..
နင်..ငါ့ကို သေလောက်အောင်ချစ်.. ငါ နင့်ကို မချစ်ဘူး ဖိုးစံ..
နင် လိုလူ အယောက် တစ်သောင်း ငါ ယူလို့ ရတယ် ဖိုးစံ..
နင် လိုလူ နဲ့ တွဲသွားရတာ ငါ သနတယ် ဖိုးစံ... ငါ ရှက်တယ်..
နင့် နာမည်ကို ငါ မကြားချင်ဘူး ဖိုးစံ... နင့်ကိုလဲ ငါ မမြင်ချင်ဘူး..
ငါ့ အနားမှာ တန်ဖိုးရှိတဲ့ သူတွေ ၀ိုင်းဝိုင်းလည်နေတယ် ဖိုးစံ.. နင်လို အနုတ်စုတ် ကောင်ကို ငါ ချစ်သူအဖြစ် မတွဲနိုင်ဘူး ဖိုးစံ..
နင့်လို သူတောင်းစား လောက်မှ အဆင့်မရှိတဲ့သူကို ငါမုန်းတယ် ဖိုးစံ..
ငါ့ နာမည်ကို နင် မခေါ်နဲ့။ ငါ နဲ့ နင် မတန်ဘူး။
ငါ စီးနေတဲ့ ဖိနပ်အောက်က မြေမှုန် တစ်စက်လောက် နင့်ကို ငါ တန်ဖိုးမထားဘူး ဖိုးစံ။
...................................................................................
ပြောရက်တယ် စန္ဒာ.. ငါ့ကို ခွေးတစ်ကောင်လို သဘောထားတယ်။ ငါ့ထက်သာတဲ့ သူတွေနဲ့ တွေ့လို့ ငါ့ ကို ပက်ပက်စက်စက် ပြောတယ်။ ငါ့ ကို စိတ်ကစားတုန်းမို့ ချစ်တယ်လို့ ပြောခဲ့တာပါတဲ့။ ငါ လိုလူ ကို နင် နဲ့ မတန်ဘူးတဲ့။ ငါ့ အသည်းကို အစိမ်းလိုက် ခွဲရက်တယ် စန္ဒာ။ ငါ့ ရဲ့ အပြစ်မဲ့တဲ့ နှလုံးသား တစ်စုံကို နင်းချေရက်တယ်။

နင့်လို လူတွေကို လောကမှာ အရှင်မထားဘူး စန္ဒာ။ နင့်ကို နာကျင်စိတ်နဲ့ နင့်ကိုလဲ မရှင်မထားဘူး စန္ဒာ။
ငါ နင့်ကို အချစ်ကြီးလို့ အမျက်ကြီးခဲ့ပြီ စန္ဒာ။
ငါ နင့်ကို အချစ်ကြီးလို့ အမျက်ကြီးခဲ့ပြီ စန္ဒာ။

ဘုရားသာ တ နေပေတော့ စန္ဒာ။
ဘ၀ကူး ကောင်းအောင် ဆုတောင်းနေပေတော့..

အသည်းတစ်ခု..သေနတ်တစ်လက် နဲ့
ဖိုးစံ
.....................................................................................