ငါ့ဇတ် ငါကနေတာ
မီးဝင်မဖျက်ပါနဲ့။
.
ရောသမမွှေ ဖြစ်ဖြစ်
ရောသမမွှေ ဖြစ်ဖြစ်
ရိုးရာ ဂီတ ဖြစ်ဖြစ်
ပရိတ်သတ်အကြိုက်
ငါ မက နိုင်ဘူး။
.
နှလုံးသား ဗြန်းဗြန်းကွဲပါစေ
နှလုံးသား ဗြန်းဗြန်းကွဲပါစေ
ငါ က,ပြပေးမယ်။
.
ငါ့ ဇတ်ပွဲကို
ငါ့ ဇတ်ပွဲကို
အော်ပရာ အဖွင့်နဲ့တင်
လှည့်မပြန် ပါနဲ့။
.
ပတ်စာခွာ ဗေထိ အထိ
ပတ်စာခွာ ဗေထိ အထိ
ခံစားပေးပါ။
.
ရသ လင်္ကာ အပြည့်နဲ့
ရသ လင်္ကာ အပြည့်နဲ့
အနုပညာ မမြောက်ခဲ့ရင်
ဟောဒီဇတ်ပွဲ
ငါ မက,ဘူးဟေ့။
...
ခင်မင်စွာဖြင့်
ကိုမျိုး (အညာမြေ)
16 comments:
ကပါ ကပါ မမရာ
ကဗျာလာ အားပေးသွားပါကြောင်း
သာယာချမ်းမြေ့ပါစေနော်
မိုး
excuse me, let me have a couple tickets please. Is it FOC or not? :P
ကိုမျိုးရေ.... ဘ၀ဇတ်ခုံမှာ ကနေကြရတဲ့ ဘ၀တွေကတော့ စုံလို့ပေါ့နော်။ ဒါပေမယ့် တခုသာတာက အဲဒီဇတ်ခုံမှာ ကိုယ်တိုင်က ဇတ်ဆရာပဲလေ..။
နောက်ဆုံးအပိုဒ်လေးကတော့ အဓိပ္ပါယ် အပြည့်အ၀လေးနဲ့ တကယ့်ကို ရသမြောက်တယ် အကို.. လေးစားပါတယ်။
ခင်မင်လေးစားလျှက်
ဟယ် ကိုမျိုး ဇာတ်မင်းသားလုပ်နေတာ ခရေညို့ ဖြင့် သိတောင်မသိလိုက်ဘူး ဘယ်တုန်းကစပြီး ကတာလဲ?
အခုရော ဘယ်မှာ ကပြဖို့စီစဉ်ထားလဲ? လက်မှတ်ကဘယ်မှာဝယ်ရမှာလဲ?
ဇာတ်မင်းသား လုပ်တော့ ကိုမျိုး ဝိတ်ကျဖို့ အခွင့်အရေး ရတာပေါ့ :)
ကံ မျက်လှည့်ဆရာ..ဘဝ ဇာတ်ဆရာတွေ အလိုကျ ကနေရသူ တွေပါပဲ ကိုမျိုးရေ..
fighting!!!!!!!!!!!!! ကျနော်တို့ အားပေးနေတယ် အကို
ကသာက အစ်ကို ဂရုမစိုက်နဲ့..
ကသာက အစ်ကို ဂရုမစိုက်နဲ့..
ရို့ရို့...း)
ကိုယ့်ဖီးလ်နဲ့ကိုယ်ပါ...။ ရသ လင်္ကာအပြည့်နဲ့ အနုပညာမြောက်ဖို့က ဓာတ်ခံနဲ့ဆိုင်တယ်။ ကိုယ့်ဆရာမှာ ဟာသဉာဏ်ရှိပြီးသားပါ။ ဒီဘလောဂ့်လေး စချီတက်ကတည်းကနေ အခုထိ အားပေးနေဆဲပါပဲ... ကသာ ကပါဗျို့။
ခင်မင်လျှက်...
ကသာ ကပါ ကိုမျိုးရာ။
ရသ လင်္ကာအပြည့်နဲ့ အနုပညာ မမြောက်ခဲ့ရင် ဟောဒီဇာတ်ပွဲ ငါ မက,ဘူးဟေ့ တဲ့ ။။။ ကိုယ်တိုင် ဇာတ်ဆရာလုပ်ထားတဲ့ ဒီဇာတ်မှာ ဘာလို့ ရသ မမြောက်ရမှာလဲနော့။ ကိုမျိုး တွေးပုံလေး ကြိုက်တယ်။ ဆက်က နိုင်ပါစေ.
ကိုမျိုးရေ၊
မင်္ဂလာပါ။
ကိုမျိုးဇတ်ကတာ ကြည့်ပြီး ငယ်ငယ်က အဖွားပြောတာကို သတိရမိတယ်။
“ဇတ်သမားလာရင် မှတ်သားစရာပါတယ်။
ဇတ်သမားပြန် ရင် မှတ်သားစရာကျန်တယ်”တဲ့။
ကိုမျိုးရဲ့ ဇတ်ခွင် (ပို့စ်)တိုင်း ရီရပြီး မှတ်သားစရာကျန်ပါတယ်။ အမြဲတမ်းအားပေးလျှက်ပါ။
ဘဝဇာတ်ခုံကတော့ ရသအစုံအလင် ပါပဲဗျာ...။
ဒီတခါ အငြိမ့်ကရင် လက်တို့လိုက်မယ် :)
ဇာတ်ပွဲဆက်ကပါ
ကပါဗျာ အားပေးနေပါတယ်
ခုမှ..ဘီလူးခန်းထွက်တာကိုး...း))))
အော်ပရာမှာတင် မပြန်သေးဘူး။
ပတ်စာခွာတဲ့ အထိ စောင့်ကြည့်နေမယ်။
Post a Comment