လက်သမားဆရာကြီး
ဦးဖိုး ရုတ်တရက် ကွယ်လွန်တော့ သူ့မိန်းမ ဒေါ်စော ငိုချင်းချပုံလေးက ကျုပ်တို့ရွာမှာ ငိုအားထက် ရယ်အားသန်ပြီး
ပြောစမှတ်ဖြစ်စရာ။
အသုဘ
လာသူများက တခြားတွေးပြီး ပြုံးစိစိ။ တကယ်တော့ ဦးဖိုးက နေ့လည်ပိုင်းမှာ အိမ်က တံခါးပေါက်အပိတ်လေး
လုပ်နေခဲ့တာ။ ညနေပိုင်းကြတော့ ရုတ်တရက်ကွယ်လွန်ရှာ။ ပြီးတော့ ဒေါ်စော အသက်က ၄၀ ကျော်ဆိုတော့
နောက်ယောင်္ကျားယူဖို့ မသင့်တော်တဲ့ ဇကောဇက အရွယ်။ ကိုယ်တိုင်ကလဲ ဘာမှ မလုပ်တတ် မကိုင်တတ်
အသက်ကြီးပြီး ဇကောဇက အရွယ်။ အဲဒါလေးကို ထည့်ငိုလိုက်တာပါ။
ဒေါ်စော
ငိုချင်းလေးက ဒီလို....
“ အမလေး
ကိုဖိုး ရဲ့ ဖြစ်မှဖြစ်ရလေ.. ရုတ်တရက်ကြီးတော်။ နေ့ခင်းတုန်းကမှ ကျုပ်နဲ့ တံခါးပေါက်ပိတ်
လုပ်ခဲ့ကြသေးတာ။ ကျုပ်ကို ဇကောဇက ကြီးနဲ့ ထားခဲ့ပြီလား တော့။
ခင်မင်လေးစားစွာဖြင့်
ကိုမျိုး (အညာမြေ)
4 comments:
Hi, very Interesting blog you have here... It would be my pleasure if you visit my website too. Here's the link
http://ads.com.mm/?cid=4fe2db67e4b0d19a0f5e0b1e&utm_campaign=ads_mm_lb_blog_riche&utm_so
ကိုမျိုး ကလည်း ဇကောဇက အခုမှ ထရေးရသလား ပျောက်လိုက်တာ
ခင်မင်စွာဖြင့်
ရွှေစင်ဦး
ဇကောဇက အချိန်မှာ လာဖတ်သွားတယ်ဗျို့...ပျောက်ချက်ဗျာ
Hello Everybody
boleh kenal
im kontengaptek
please visit
my blog
Post a Comment