မွေးရပ်မြေအညာ သို့ အလည်လာရောက်ကြသူ မိတ်ဆွေအပေါင်း စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းဖြင့် ပြည့်စုံအောင်မြင်နိုင်ကြပါစေ..... ကိုမျိုး (အညာမြေ)...

Sunday, June 13, 2010

မွေးရပ်မြေအညာ ရဲ့ သဘာဝ အလှ

မွေးရပ်မြေအညာ တစ်ခေါက် အလည်ရောက်ခဲ့ပြန်ပေါ့။ ငယ်ငယ်တုန်းက ပြေးလွှားစော့ကစားခဲ့တဲ့ နေရာလေးတွေ မြင်မိတိုင်း ဒီနေရာ ဒီဒေသလေးတွေကို ဓာတ်ပုံမရိုက်ဘဲ မနေနိုင်လောက်အောင်ကို အရမ်းရိုးစင်း လှပလွန်းလို့ ရိုက်ယူခဲ့မိတယ်။
.
ဓာတ်ပုံထဲမှာ တွေ့ရတဲ့ အပင်ကြီးတိုင်းလိုလို တက်ပြီး စော့ကစားဘူးခဲ့တာ။ ဒီအပင်ကြီးတွေကို အကာအကွယ်ယူပြီး သေနတ်ပစ်တန်း၊ သစ်ပင်တက်တန်း၊ တူတူပုန်းတန်း၊ သစ်ပင်ပေါ်လာတဲ့ စာကလေးတွေကို လောက်လေးခွနဲ့ ထိုင်စောင့်ပြီး ပစ်ခဲ့၊ ကစားခဲ့ကြတာ။ သစ်ပင်ကြီးတွေက အိုနေပေမယ့် မိုးဦးရာသီအစမှာ နုပျိုလန်းဆန်းစွာနဲ့ ကြိုဆိုနေဆဲ။





ကိုမျိုး တို့ ရွာအ၀င် လမ်းမကြီး


သံဃာတော်များ ဆွမ်းခံကြွရာလမ်း (ဦးလေးမှုံ သန့်ရှင်း ကုသိုလ်ယူနေစဉ်)


ကျောင်းမဖွင့်ခင် နွေရာသီ ကျူရှင်တက်ရန်သွားနေတဲ့ ကျောင်းသားလေးများ



မိုးဦးစမို့ သီးနှံစိုက်ပျိုးရန် မိုးမလုံလောက်သေးလို့ နွားများလည်း နားနားနေနေ




ရွာဦးကျောင်းသို့ သွားရာလမ်း



ရေထမ်းသူထမ်း.. ကျောင်းသွားသူသွား





ကိုမျိုး တို့ အိမ်ရောက်ပြီ။ မိဘ၊ ဆွေမျိုးသားချင်း ၊ ငယ်ပေါင်းတွေလဲ ၀မ်းသာအားရ လာရောက်ပြီး နှုတ်ဆက်ကြ၊ လဘက်ရည်သောက်ခေါ်ကြ။ ထမင်းစားခေါ်ကြ။ ဒီမြေ၊ ဒီရေ၊ ဒီအညာ၊ ဒီရွာမှာ ကြီးပြင်းခဲ့သူမို့ တစ်ရွာလုံးကလည်း မိသားစု ဆွေမျိုးရင်းများ ကဲသို့ ဖြစ်နေပါသည်။ ဒီပို့စ်လေးကို တင်ရင်းနဲ့ ရွာကို အရမ်းသတိရနေတယ်။ မွေးရပ်မြေဇာတိ ချက်မြှပ်ရာနေရာမို့ မလွမ်းဘယ်သူ ရှိပါ့မလဲကွယ်။



.



ခင်မင်လေးစားစွာဖြင့်



ကိုမျိုး (အညာမြေ)

12 comments:

မဗေဒါ ( ၂၀၁၀ အမတ်လောင်း ) said...

ဟလို အညာကမောင်မျိုး

ဗေဒါမ ရောက်တာနောက်ကျသွားတယ်..။

ပုံတွေကြည့်ရတာ တမျိုးလည်း ကြည်နူးစရာပေါ့ .. ရွာတွေမှာ အဘမှုံလိုလူတွေ ရှိတာ ဝမ်းသာသလို.. ရွာသားတွေက အခုလို ကိုယ့်ရွာသား ပြန်လာလို့ တခုတ်တရ လာကြိုတာလည်း ကြည်နူးစရာပါပဲနော်..။

အခုမှပဲ အညာက လူချမ်းသာ ကိုမျိုးဆိုတာ သိတော့တယ်.. အားကျပါတယ်.. မဗေဒါ တို့ မိသားစု မြန်ပြည်ပြန်ရင် ခေါ်ထားနော်..။ မဗေဒါက တိုင်းပြည်ပြန်ရင် ဘာမှ မရှိဘူးတော့်..။

ဒါနဲ့ ရွာမှာ လူဦးရေ ဘယ်လောက်ရှိသလဲ.. ဘုန်းကြီးကျောင်း.. ဆေးခန်းဘာညာ ကြုံရင်ထည့်ရေးဦးနော်..။

စိန်ဗေဒါ (၂၁၁၀ အမတ်လောင်း)

SHWE ZIN U said...

ကိုမျိုးရေ

ရွာလယ် လမ်းမကြိးကလည်း ကျယ်တယ် အပင်တွေလည်း များတယ် ပျော်စရာကြီးပါ

သူထိန်းမင်း ချမ်းမြေ့ပါစေ
ခင်မင်စွာဖြင့်
ရွှေစင်ဦး

ရွှေရတုမှတ်တမ်း said...

ကိုမျိုးတို့ရွာ ..သွားဖြစ်အောင်တော့သွားရမယ်..

subuueain said...

ပျော်စရာကြီးပါလား ကိုမျိုးရေ..

ခရေညို said...

ကိုမျိုးတို့ ရွာလေးကအလွန်သာယာတာပဲနော်။ ရောက်ဖူးချင်လိုက်တာ

Anonymous said...

ကိုမျိုးတို့အညာရွာလေးကို အလည်တစ်ခေါက်လောက် ရောက်ဖူးချင်လိုက်တာ။
မန်ကျည်းပင်တွေတွေ့ရတော့ မန်ကျည်းပင်အောက် ထိုင်ပြီး မန်ကျည်းရွက်နုသုပ်လေးစား၊ ရေနွေးကြမ်းလေးနဲ့ ထန်းလျက်ခဲလေး စားလိုက်ရရင် သိပ်ကောင်းမှာပဲလို့ တွေးမိတာ။
ခင်မင်စွာဖြင့်
လုလု

ရှေးမြန်မာ said...

ကျွန်တော် အညာသားမဟုတ်ပေမယ့် အညာကိုတော့ သဘောကျတယ်။ ၂၀၀၃ ကနေ ၂၀၀၆ လောက်အထိ အညာဒေသ အတော်များများကို ခရီးသွားခဲ့ဖူးတယ်။ ပုံတွေ စာတွေကြည့်ပြီး ပြန်သတိရတယ်။ ကျေးဇူးပါ။

Myanmar Good Knowledg Co., Ltd said...

ကိုမျိုးရေ
မင်္ဂလာပါ။
အညာမြေရဲ့ သဘာဝဓါတ်ပုံလေးတွေ ကောင်းလိုက်တာ။
အပင်စိမ်းစိမ်းကြီးတွေတွေ့ရတော့ မန်ကျည်းရွက်တို့ ကင်ပွန်းချဉ်ရွက်တို့ ကို သတိရတယ်။
ဓါတ်ပုံတွေကိုကြည့်ပြီး မြန်မာပြည်ကို သတိရလိုက်တာ မပြောပါနဲ့တော့ ဒီနှစ်လည်း မပြန်ဖြစ်သေးဘူးထင်ပါရဲ့၊ ခလေးကငယ် အလုပ်က ခွင့်သိပ်မရှိနဲ့။
ကိုမျိုးတို့အိမ်ရှေ့မှာ လာရပ်နေတဲ့ ခေါင်းရွက်သည် အဒေါ်ကြီး က ဗန်းထဲကဘာရောင်းတာလည်းမသိဘူးနော်။ သူ့ကိုကြည့်ပြီး အဲလိုဗန်းနဲ့ရောင်းတဲ့မုန့်တွေလည်း စားချင်လာတယ်။
ဒါနဲ့ ဒီစကား ဒီတင်ပဲပြောတာပါ၊ ကိုမျိုးတို့အိမ်ဓါတ်ပုံ ဒီအတိုင်းကြီး ပို့စ်တင်တာဖြစ်ပါ့မလား။ ဓါးပြတွေရန်ရှိသေးတယ်လေ။

ခင်မင်လေးစားလျှက်

thawzin said...

ဓါတ်ပုံများက ကြည့်ရှုသူ့ကို လွမ်းမောစေပါ ကိုမျိုးရေ။ ညီတို့ရွာလဲ အဲလိုပုံတွေပါပဲ။ အိမ်ဝိုင်းထဲ နွားမတွေဆို သေးတအားပေါက်လို့ အိမ်ဂိတ်ဝမှာ အမြဲချည်တိုင်လုပ်ထားတဲ့ ကျေးဇူးရှင် နွားကြီးတွေကိုလဲ လွမ်းမိပါဗျာ။ သစ်ပင်ကြီးကြီးတွေ အများကြီးလိုအပ်တယ်ဗျာ အခုလိုထိန်းသိမ်းပေးထားတဲ့ အတွက် ဂုဏ်ယူမိပါတယ်။

kaungkinpyar said...

ပျော်ခဲ့တယ် ပေါ့...း)

ရေတမာ said...

ဲပြန်ရင်တော့ ကိုမျိုးတို့ဆီ အလည်လာဦးမှပဲး))))

မြစ်ကျိုးအင်း said...

ရွာကို သွားလည်တိုင်း ဆွေမျိုးတွေ ရွာခံတွေက လှိုက်လှိုက်လှဲလှဲ လာနှုတ်ဆက်တတ်ကြတာ ကျေးလက်ရဲ့ ရိုးသားမှုပါပဲ။ ဒီတခါပြန်ရင်တော့ အဖွား တို့ရွာ သွားလည်အုံးမယ်ဗျာ။
ရွာဓလေ့တွေကို တကယ် သဘောကျတယ်။