"ဟင်း......"
.
ရင်ထဲတွင် သက်သာလိုသက်သာညား "ဟင်း..ခနဲ့" သက်ပြင်းကို ထပ်မံချမိပြန်သည်။ လမ်းကတည်းက ကြားခဲ့ရတဲ့ စာအိတ် တစ်အိတ်ကြောင့် လူမှာ နုံးချိ မောဟိုက် နေပေတော့သည်။ ရုံးသို့ ရောက်ရောက်ခြင်း ပက်လက်ကုလားထိုင်ပေါ်တွင် ခြေပစ်လက်ပစ်ကြီးထိုင်လျက် ဟင်းချ ချပြီး ရင်ထဲတွင် ဖုတ်လိုက်ဖုတ်လိုက် မောနေပုံမှာ ဒီနေ့အပင်ပန်းဆုံးဖြစ်သည်။
.
မောမောဖြင့် ဇောချွေးတွေထွက်လာပြီး နှဖူးပေါ်တွင်လည်း ချွေးသီးချွေးပေါက်တို့ တဖြိုက်ဖြိုက် ကျဆင်းလျက်ရှိ၏။ ကုလားထိုင်ပေါ်တွင် ခေါင်းကိုဘယ်ပြန်ညာပြန်လူးပြီး အသက်ကိုမချိမဆံ့ ရှုနေရကာ စိတ်ထဲတွင် အတောမသတ်ကြိတ်ပြီး ညည်းညူမိပါသည်။ ဘာများ စိတ်တိုင်းမကျဖြစ်လို့လဲဟု အဖုံဖုံအထွေထွေ အလိုစမ်းပြီး စိတ်အလိုလိုက် တွေးကြည့်မိသည့်တိုင် ထူးခြားချက်မရှိ။
.
အတွေးရခက်ပြီး ရင်ထဲမှာ မောနေရသည့်အပြင် ရင်ထဲ၌ မတင်မကျကြီး ဖြစ်နေသည်။ ငယ်ထိပ်ထဲ သွေးရောက်သလို ခံစားရပြီး မူးဝေေ၀ပင် ဖြစ်လာလျက် ရင်တုန်ပန်းတုန်တွေပါ ဖြစ်လာလေသည်။ အတွင်းစိတ်မှ နှလုံးခုန်သံ မြန်လာသည်ကိုပင် သတိထားမအားဘဲ ကိုယ့်အတွေးနှင့်ကိုယ် တစိမ့်စိမ့် တွေးနေတုန်းမှာပင် ကျနော့ရင်တွင်း၌ နာဂစ်မုန်တိုင်းကြီး ဆင်နေပေတော့သည်။
.
အသက်ရှုကြပ်ကာ မျက်လုံးကို ဖွင့်လိုက် မှိတ်လိုက် လုပ်ကြည့်ပြီး သတိထားကာ အစွမ်းကုန် ဖွင့်လိုက်လေသည်။ ရင်တွင်း၌ ဗလောင်ဆူပွက်နေသည်။ မောပန်းလွန်းသဖြင့် ဦးခေါင်းကို ကုလားထိုင်ပေါ်ပြန်လည်မှီရင်း ကျနော့လက်များမှာ တဆတ်ဆတ်တုန်နေလေသည်။ ကွန်ပြူတာစားပွဲပေါ်မှ စာအိတ်တစ်အိတ်ဆီသို့ လက်မရောက်ခင်မှာပင် ကျနော့ခေါင်းမှာ ချာချာလည်ကာ မူးနောက်နေလေသည်။
.
ထိုစာအိတ်အကြောင်း စိတ်အတွေးရောက်သည်နှင့် ရင်ထဲ၌ တဖျင်းဖျင်းဖြင့် ပိုပြီး နာကြင် မောပန်းလာလေသည်။ မှုန်ဝါးဝါးထင်နေရင်း တစ်မိနစ်လောက် ကြောက်လန့်မူးဝေနေရင်း လက်တုန်တုန်ချိချိဖြင့် ထိုစာအိတ်အား ယူကာ စွန့်စားပြီး ဖောက်ဖတ်ဖြစ်လိုက်လေသည်။
.
သက်မကြီးအကြိမ်ကြိမ်ချပြီး မှုန်ဝါးဝါးထင်နေသော အရာအားလုံးတို့သည် ၀င်းဝင်း လက်လက်ဖြင့် တောက်ပနေပေတော့သည်။ ထိုစာအိတ်သည်ကား တစ်နှစ်တစ်ခါ ကုမ္ပဏီမှ ခံစားခွင့်ပေးသော Bonus ချက်လက်မှတ် စာအိတ် ဖြစ်ပေတော့သတည်း။ :) :)
.
ဟီး..ဟီး.. နဲနဲ မောပန်းသွားရင် ခွင့်လွှတ်နော်။ ပုံစံတစ်မျိုးပြောင်းပြီး စာကို ရေးကြည့်တာ။ စာရေးဆရာ ဆရာသာဓု ရဲ့ စာရေးနည်း စာအုပ်ကို ဖတ်ပြီး ပုံစံတစ်မျိုးနဲ့ ဒီနေ့ရရှိတဲ့ စာတစ်အိတ် အကြောင်း လက်တည့်စမ်းပြီး ရေးကြည့်တာ။
.
ခင်မင်စွာဖြင့်
ကိုမျိုး (အညာမြေ)
11 comments:
((ဟူး)) ငါ့အကိုကတော့ လုပ်ပြီနော်။ သိပါဘူး ဘာများဖြစ်လည်းလို့ နောက်ဆုံးကျမှ သဘော ပေါက်သွားတယ်။ ဒီလိုမျိုးလေး ပုံစံပြောင်းရေးတာ အကြောင်းမဟုတ်ဘူး အကိုရ။ အရေးအသား ကောင်းလို့ ကြာရင် ဖတ်တဲ့သူတွေ နှလုံးရောဂါရမယ်။း)
တော်တော်လေး မောသွားပါတယ် အကိုရေ... ဒါနဲ့ စကားမစပ် ဘော်နပ်(စ)က ဘယ်လောက်ရလိုက်လဲ... မုန့်ဖိုးတောင်းမလို့။း)
ခင်မင်လေးစားလျှက်
ဘယ်လောက်ရလဲ ပြောပါ
ဒါဘဲ
နည်းနည်းများများ စလုံးကဘလော့ကာမောင်နှမတွေကို
မုန့်လိုက်ဝယ်ကျွေးရမယ် :P
ကိုမျိုးတို့ လုပ်ချလိုက်ပြန်ပြီ။
မေလေးပြောသလို ပဲ မုန့်ဝယ်ကျွေး :)
သြော်... မြုပ်ကွပ်တွေနဲ့ ရင်ထိတ်အောင် လုပ်တာပေါ့။ ဘောနပ်ဆိုတော့ တော်တော် များမှာပဲနော်။
ဘောနပ်တွေများများရပြီး ကားကြီးတွေလဲ ၀ယ်စီးနိုင်ပါစေ
ကိုမျိုးရေ၊
မင်္ဂလာပါ။
စာရေးနည်းထက် ဘောနပ်စ်ကိုပိုစိတ်ဝင်စားပြီး ပိုကြိုက်ပါတယ်။းP
ခင်လို့နောက်တာပါ။ စာရေးနည်းက တကယ်ကောင်းပါတယ်။ ဘာမှန်းမသိဘူးဖြစ်နေရာကနေ နောက်ဆုံးမှာ happy ending နဲ့ဆိုတော့ တော်တော်မိုက်သွားတာပေါ့၊
မဒမ်မသိစေနဲ့နော်..ကိုမျိုး...
အမလေး..ပြောသာပြောရ..မျက်နှာလုပ်ပြပြီးပြီနဲ့တူပါရဲ့
လူဇိုးကြီး မောထှာ ဖတ်ရတာ...၀မ်းသာပါ၏..
စာဖတ်ရတာ ဖတ်ဖတ်မောရပါဘိ ဆရာရယ်။
ကဲ... ဒီလိုဆို...
မြန်မကြာ တံတျာတေးကိုကျူးလို့
အမှန်သာ ကျားဇာတ်ကယ်သွင်းဖို့
ကန်တင်းကို ဂိုး.....။
(ဘောနပ်စ်ရာသီဖြစ်သဖြင့် မူးချင်းတစ်ပိုဒ်ဖြင့် ဂုဏ်ယူသွားသည်။)
It's always good to end a year with a bonus. It's great to get reward amidst recession-prone year.
ကိုမျိုးရေ...
Bonus တွေနဲ့ ပျော်နေပြီပေါ့လေ...
ဟာ...
တို့အစ်ကိုကတော့ သူဌေးဖြစ်ပြီပေါ့နော် :P
Post a Comment