မွေးရပ်မြေအညာ သို့ အလည်လာရောက်ကြသူ မိတ်ဆွေအပေါင်း စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းဖြင့် ပြည့်စုံအောင်မြင်နိုင်ကြပါစေ..... ကိုမျိုး (အညာမြေ)...

Tuesday, November 8, 2011

ခပ်ဝေးဝေးလေး ကြည့်ကြည့်ပါ

သူငယ်ချင်း

ဖူးပွင့်လှပ ပန်းဘ၀ကို

မင်းဘ၀င်ခိုက် အသည်းမြိုက်ပါစေ

မြင်ရရုံနဲ့ ကျေနပ်ပါ ။

x

အဲဒီပန်းကို ပျား တိုင်းသိတယ်

ဝတ်ရည်မချို

ပင် မပျိုက

ဝါကြွားပွင့်ထွား ဆိပ်ရည်များနဲ့။

X

ဝတ်ရည်ချိုမွှေး ပင်ပျို ထက်က

ပန်းကလေးများ

ခပ်ဝေးဝေး သွားကြည့်လျှင်

တွေ့မြင်နိုင်ပါတယ် သူငယ်ချင်း။

ကိုမျိုး (အညာမြေ)